SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုက ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု၊ ၉/၁၁ တိုက်ခိုက်မှုထက်ဆိုးရွားဟု ထရမ့်ပြော

Friday, 08 May 2020 09:07 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု၊ ၉/၁၁ တိုက်ခိုက်မှုတို့ထက် ပိုမိုဆိုးရွားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၆ ရက်တွင် ပြောသည်။

ယခုဗိုင်းရပ်စ်ကူးစက်မှုသည် အမေရိကန်နိုင်ငံအတွင်း မည်သည့်အခါမျှမကြုံဖူးသော အဆိုးဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း၊ ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှု၊ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ တိုက်ခိုက်ခံရမှု တို့ထက် ဆိုးရွားကြောင်း ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောသည်။

၁၉၄၁ ခုနှစ်တွင် ဂျပန်တို့က အမေရိကန်၏ပုလဲဆိပ်ကမ်းရှိ ရေတပ်အခြေစိုက်စခန်းကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့ပါဝင်လာရပြီး ထိုတိုက်ခိုက်မှု၌ သေဆုံးသူ အမေရိကန်နိုင်ငံသား ၂၄၀၀ ကျော်သာရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို အကြမ်းဖက် သမားများက တိုက်ခိုက်မှုကြောင့် ယနေ့အချိန်အထိ မပြီးဆုံးသေးသည့် အကြမ်းဖက်ချေမှုန်းရေးစစ်ပွဲများ ဖြစ်ပွားနေပြီး ထိုအဆောက်အအုံ တိုက်ခိုက်ခံရမှု၌ လူ ၃၀၀၀ ကျော်သေဆုံးသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသည့် အမေရိကန်နိုင်ငံသား ၇၅၀၀၀ နီးပါးရှိလာပြီး ကူးစက်ခံရသူစုစုပေါင်း ၁ ဒသမ ၂ သန်းကျော်လာပြီဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post

Read 53 times Last modified on Friday, 08 May 2020 09:09