SJ WorldNews - шаблон joomla Авто

ရမ်ဒက်စဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် အသုံးပြုခွင့်ပေးရန် ဂျပန်ပြင်ဆင်

Friday, 08 May 2020 09:19 font size decrease font size decrease font size increase font size increase font size

ဂျပန်အစိုးရသညရမ်ဒက်စဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် အသုံးပြုခွင့်ပေးရန် ပြင်ဆင်နေကြောင်း အစိုးရတာဝန်ရှိသူများက မေ ၇ ရက်တွင်ပြောသည်။ ထို့ပြင် ဂျပန်နိုင်ငံမှ စမ်းသပ် နေသည့် အာဗီဂန်ဆေးကိုလည်း ကုသရေးအတွက် အသုံးပြုခွင့်ပေးရန် စောင့်ကြည့်နေသည်။

ထို့ကြောင့် ဂျပန်နိုင်ငံသည် အမေရိကန်ပြီးနောက် ကိုဗစ်-၁၉ ရောဂါကုသရေး အတွက် ရမ်ဒက်စဗီယာ ဆေးကို အသုံးပြုခွင့်ပေးသည့် ဒုတိယမြောက်နိုင်ငံဖြစ်လာမည် ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ဂေလီယတ်ဆေးဝါးကုမ္ပဏီထုတ်    ရမ်ဒက်စဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသရေး အတွက် အရေးပေါ်သုံးဆေးဝါးအဖြစ် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ပြီးခဲ့သည့် သတင်းပတ်တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ရမ်ဒက်စဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသရေး အတွက် အတည်ပြုပေးရန် အမြန်ဆုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် သီတင်းပတ်တွင်ပြောသည်။

အီဘိုလာရောဂါကိုကုသရန် ကနဦး ဖော်စပ်ထုတ်လုပ်ထားသည့် ရမ်ဒက်စဗီယာဆေးသည် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများ၏ နာလန်ထချိန်ကို သုံးပုံတစ်ပုံ ပိုမိုတိုတောင်းစေကြောင်း လက်တွေ့စမ်းသပ်မှုများ တွင် တွေ့ရသည့်အတွက် အမေရိကန်တာဝန်ရှိသူများက နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးအစစ်မပေါ် သေးမီစပ်ကြား ထိုဆေးကို အရေးပေါ်သုံးဆေးအဖြစ် အတည်ပြုပေးခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက   ထုတ်လုပ်ထားသည့် တုပ်ကွေးရောဂါပျောက်ဆေးတစ်မျိုးဖြစ်သော အာဗီဂန်ဆေးကိုလည်း   လူနာအယောက် ၁၀၀ တွင် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေရာ ထိရောက်မှုရှိသည်ဟု သက်သေပြ နိုင်ပါက ကိုဗစ်-၁၉ ရောဂါကုသရေးဆေးဝါးအဖြစ် ယခုလအတွင်း အတည်ပြုသွားမည်ဟု ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း သိရသည်။

Ref: CNA

 

Read 49 times Last modified on Friday, 08 May 2020 09:21