SJ WorldNews - шаблон joomla Авто

ထိုင်း၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုများကိုတိုးမြှင့်မည်

Friday, 08 May 2020 09:33 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ၌   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်မှာ ခုဂဏန်းအထိ ကျဆင်းလာပြီးနောက် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်ဖွင့်လှစ်ခွင့်ပြုထားစဉ် အစိုးရအနေဖြင့်   ဗိုင်းရပ်စစ်ဆေးမှုကို တိုးမြှင့် သွားမည်ဟု တာဝန်ရှိသူတစ်ဦးက မေ ၇ ရက်တွင်ပြောသည်။

အစိုးရအနေဖြင့် လက်ရှိစစ်ဆေးနိုင်မှု ပမာဏ လူ ၂၃၀ဝ၀ဝ ခန့်မှ ၄၀ဝ၀ဝ၀ အထိ စစ်ဆေးနိုင်ရန် ရည်ရွယ် ထားကြောင်း ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီးဆင် ဝီဆန်နူယိုသင် ကပြောသည်။

ယင်းအရေအတွက်သည် လူတစ်သန်းလျှင် ၆၀ဝ၀ ခန့်ကိုစစ်ဆေးနိုင်မှုဖြစ်ပြီး တစ်ကမ္ဘာလုံး အနေအထားအရ သင့်တင့်သောပမာဏဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လူဦးရေ ၆၆ သန်းခွဲရှိသော ထိုင်းနိုင်ငံ၌  ဇန်နဝါရီလမှစတင်၍ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၂၉၉၂ ဦးရှိပြီး သေဆုံးသူ ၅၅ ဦးရှိကြောင်း သိရသည်။

တိုးမြှင့်သွားမည့်အဓိကစစ်ဆေးမှုတွင် ဖျားနာခြင်း  သို့မဟုတ်  အနံ့မရခြင်းတို့ မပါသော တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ပါဝင်မည်ဟု သိရသည်။

ထို့ပြင်  ကျန်းမာရေးအမှုထမ်းများ၊ စစ်ဆေးရေးတာဝန်ရှိသူများ၊  ရွှေ့ပြောင်းအလုပ်သမားများ၊  ပြည်သူ့ ပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်မောင်းများနှင့် ကုန်ပစ္စည်းပို့ဆောင်ရေး အလုပ်သမားများကိုလည်း ထပ်မံ စစ်ဆေးမည်ဖြစ်သည်။

Ref: The Straits Times

 

Read 47 times Last modified on Friday, 08 May 2020 09:34