SJ WorldNews - шаблон joomla Авто

ဘာလင်၊ နိုင်ငံရေး ဗိုင်းရပ်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်က တရုတ်အပေါ် စွပ်စွဲမှုလုပ်ကြံမှုသာဖြစ်ဟု ဂျာမနီထောက်လှမ်းရေးပြော

Saturday, 09 May 2020 09:36 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ်က တရုတ်နိုင်ငံရှိ  သုတေသနဓာတ်ခွဲခန်းမှ ထွက်လာခြင်းဖြစ်သည်ဟူသော အမေရိကန်၏ စွပ်စွဲပြောဆိုမှုများသည် မှန်ကန်မှုမရှိကြောင်းနှင့် အမေရိကန်နိုင်ငံအတွင်း ဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပေါ် လမ်းကြောင်းလွှဲရန် လုပ်ကြံပြောဆိုခြင်းသာဖြစ်ကြောင်း ဂျာမနီထောက်လှမ်းရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုဗိုင်းရပ်သည် တရုတ်နိုင်ငံရှိဓာတ်ခွဲခန်းမှ   ထွက်လာခြင်းဖြစ်သည်ဟူသော သက်သေအထောက်အထား အများအပြားရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောသော်လည်း ယင်းဗိုင်းရပ်သည် လူလုပ်ဗိုင်းရပ်မဟုတ်ကြောင်း ဖော်ပြထားသည့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်ကိုမူ  တုံ့ပြန်ဖြေရှင်းထားခြင်း မရှိကြောင်းသိရသည်။

ဂျာမနီထောက်လှမ်းရေးအဖွဲ့သည် အမေရိကန်၏ စွပ်စွဲချက်နှင့်ပတ်သက်၍ သက်သေရရှိနိုင်ရန် ငါးနိုင်ငံပါ ထောက်လှမ်းရေးမဟာ မိတ်အဖွဲ့ဝင်များထံမှ ခိုင်လုံသော သက်သေတောင်းခံရာ       မည်သည့်နိုင်ငံကမျှ ထိုသက်သေကို မပေးနိုင်ကြောင်း   Der Spiegel မဂ္ဂဇင်းက မေ ၈ ရက်တွင် ဖော်ပြထားသည်။

ထိုထောက်လှမ်းရေးမဟာမိတ်အဖွဲ့ဝင် ငါးနိုင်ငံတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့်   နယူးဇီလန်နိုင်ငံတို့ ပါဝင်သည်။ ထို့ကြောင့် ဗိုင်းရပ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ အမေရိကန်က တရုတ်နိုင်ငံအပေါ် စွပ်စွဲပြောဆိုခြင်းသည် ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်မှုကို မထိန်းချုပ်နိုင်ခြင်းအပေါ် ပြည်သူများ၏အာရုံကိုလွှဲရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုသာဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးထံ တင်ပြသည့်  ထောက်လှမ်းရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၁ ဒသမ ၃ သန်း  နှင့်သေဆုံးသူစုစုပေါင်း ၇၇၀ဝ၀ ရှိလာပြီဖြစ်ပြီး ဧပြီလလယ်ပိုင်းမှစ၍ တစ်ရက်လျှင် ဗိုင်းရပ်ကူးစက်ခံရသူ ၂၀ဝ၀ ဝန်းကျင်ရှိကြောင်း သိရသည်။     

Ref: MSN

 

Read 42 times Last modified on Saturday, 09 May 2020 09:38