SJ WorldNews - шаблон joomla Авто

အိန္ဒိယက အာဗီဂန်ဆေးကို ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် စမ်းသပ်ခွင့်ပြု

Saturday, 09 May 2020 09:41 font size decrease font size decrease font size increase font size increase font size

အိန္ဒိယဆေးဝါးထိန်းချုပ်ရေးဌာနက  ဂျပန်နိုင်ငံထုတ် တုပ်ကွေးရောဂါပျောက်ဆေး တစ်မျိုးဖြစ်သော အာဗီဂန်ဆေးကို လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါဆေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်သော ဆေးတစ်လက် ဖြစ်လာမည်ဟု   ယုံကြည်ကြောင်း အိန္ဒိယဆေးဝါးထိန်းချုပ်ရေးဌာန မှ ညွှန်ကြားရေးမှူးချုပ် ရှက်ခါမန်ဒေးက ပြောသည်။

ယခုခွင့်ပြုချက်အရ အာဗီဂန်ဆေးကို ရောဂါနုသောလူနာများနှင့် အသင့်အတင့် သာခံစားနေရသော လူနာများတွင် စမ်းသပ်ရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း ဖန်တီးဖော်စပ်နေသော ကိုဗစ်-၁၉ ရောဂါပျောက်ဆေး အမျိုးပေါင်း ၃၀ ရှိပြီး ထိုအထဲမှ အနည်းငယ်မှာ စမ်းသပ်ခွင့်ရမည့် အခြေအနေတွင်ရှိကြောင်း ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ကိုရိုနာဆေးဝါး ထုတ်လုပ်ရေး အစည်းအဝေး၌ပြောသည်။

ဂျပန်နိုင်ငံထုတ်  အာဗီဂန်ဆေးသည် ကိုဗစ်-၁၉ လူနာများကို ကုသရာတွင် ထိရောက်မှုရှိသည်ဟု ယူဆရကြောင်း တရုတ်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

ကမ္ဘာ့နိုင်ငံများသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကို  တိုက်ဖျက်နိုင်မည့်ဆေးဝါး မထွက်ပေါ်လာမီ ရှိနှင့်ပြီးသား ဆေးဝါးများထဲမှ ကောင်းနိုးရာရာများကို အသုံးပြုခြင်းဖြင့် ဗိုင်းရပ်ကူးစက်မှုကို လျော့ပါးစေရန် ကြိုးပမ်းနေကြောင်းသိရသည်။

Ref: Sputnik

 

Read 51 times Last modified on Saturday, 09 May 2020 09:42