SJ WorldNews - шаблон joomla Авто

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှ ပတ်ထရီးယော့ ဒုံးတပ်ခွဲလေးခွဲကိုရုပ်သိမ်း

Saturday, 09 May 2020 09:46 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရအနေဖြင့် အီရန်နှင့်တင်းမာမှု လျော့ကျလာသည့်အတွက် ဆော်ဒီအာရေဗျနိုင်ငံရှိ ပတ်ထရီးယော့ ဒုံးတပ်ခွဲနှစ်ခွဲနှင့်  အရှေ့အလယ်ပိုင်းဒေသရှိ   ဒုံးတပ်ခွဲနှစ်ခွဲကိုရုပ်သိမ်းလိုက်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆော်ဒီနိုင်ငံမှ ရုပ်သိမ်းလိုက်သည့် ဒုံးတပ်ခွဲနှစ်ခွဲက ယင်းနိုင်ငံ၏ ရေနံမြေများကို ကူညီကာကွယ်နေပြီး င်းတို့၏နေရာတွင် ဆော်ဒီ၏ ပတ်ထရီးယော့ဒုံးတပ်ခွဲများက နေရာယူဖွယ်ရှိကြောင်း   အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူက ဆက်ပြောသည်။

သို့သော် အရှေ့အလယ်ပိုင်းဒေသ၌ ပတ်ထရီးယော့ဒုံးတပ်ခွဲ ၁၂ ခွဲနှင့် အမြင့်ပျံလေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်သည့် THAAD ဒုံးတပ်ခွဲတစ်ခွဲတို့ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။

ယခုရုပ်သိမ်းလိုက်သည့် ဒုံးတပ်ခွဲလေးခွဲကို မတ်လတွင်ရုပ်သိမ်းရန် စီစဉ်ထားသော်လည်း အီရတ်နိုင်ငံရှိ တာဂျီစစ်စခန်းမှာ ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ယခုမှရုပ်သိမ်းရခြင်းဖြစ်သည်။ ယင်း တိုက်ခိုက်မှုများကို အီရန်၏ ထောက်ပံ့ခံပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမေရိကန်ကစွပ်စွဲ ထားသည်။

ထို့ပြင် အရှေ့အလယ်ပိုင်း၌ အလှည့်ကျစနစ်ဖြင့် ဖြန့်ကြက်ထားသော အမေရိကန်တိုက်လေယာဉ်အုပ် များအနက် လေယာဉ် ၁၂ စင်းပါ တိုက်လေယာဉ်အုပ် နှစ်အုပ်ကိုလည်း ရုပ်သိမ်းလိုက်သည်ဟုသိရသည်။

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချ မည်ဟု ပြောထားသော်လည်း ပါရှန်းပင်လယ်ကွေ့၌ အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်တစ်စင်းပစ်ချခံရမှု၊ ဆော်ဒီရေနံစက်ရုံများ တိုက်ခိုက်ခံရမှုတို့ကြောင့်  ယင်းဒေသ၌ တပ်ဖွဲ့ဝင်များကို ပိုမိုဖြန့်ကြက်ခဲ့ကြောင်း သိရသည်။

Ref: Bloomberg

 

Read 43 times Last modified on Saturday, 09 May 2020 09:48