SJ WorldNews - шаблон joomla Авто

ဟောင်ကောင်၊ ပြည်တွင်းရေး ဟောင်ကောင်ဥပဒေပြုလွှတ်တော်၌ အမတ်များခိုက်ရန်ဖြစ်ပွား

Saturday, 09 May 2020 09:50 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်အထူးဒေသ၌ မေ ၈ ရက်တွင် ဟောင်ကောင် ဥပဒေပြုလွှတ်တော်၌ ကျင်းပသည့်  အဓိကကျသော ကော်မတီတစ်ခု၏ ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ခြင်း နှင့်ပတ်သက်၍ တရုတ်အစိုးရကို ထောက်ခံသော လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ်များအကြား ခိုက်ရန်ဖြစ်ပွားကြောင်း သိရသည်။

ယင်းကဲ့သို့  ခိုက်ရန်ဖြစ်ပွားခြင်းသည်  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုလျော့ကျ လာပြီဖြစ်သည့် ဟောင်ကောင်၌ တင်းမာလာသည့် နိုင်ငံရေးအခြေအနေကို ထင်သာမြင်သာရှိစေသည်။

လွှတ်တော်အမတ်များအကြား ခိုက်ရန်ဖြစ်ပွားစဉ် လုံခြုံရေးအစောင့်များက တရုတ်အစိုးရကိုထောက်ခံသော လွှတ်တော်အမတ်တစ်ဦးကို   ဖယ်ထုတ်ရန်ကြိုးပမ်းသည်။

ယင်းအမတ်သည် အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ်နေရာယူရန် ကြိုးပမ်းသည့်အတွက် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု   ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ်အဖွဲ့ကစွပ်စွဲထားသည်။

ထို့ပြင်   ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ်များသည်လည်း တင်သွင်ထားသည့် ဥပဒေကြမ်းများကို နောက်ဆုံး မဲခွဲမှုမလုပ်နိုင်စေရန်  ဖျက်ဆီးနေကြောင်း တရုတ်အစိုးရကို ထောက်ခံသော လွှတ်တော် အဖွဲ့ကစွပ်စွဲထားသည်။

Ref: The Straits Times

 

Read 47 times Last modified on Saturday, 09 May 2020 09:52