SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုမရှိသည့် တောင်ပစိဖိတ်ကျွန်းစုနိုင်ငံများ ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ရန်သုံးသပ်နေ

Saturday, 09 May 2020 10:00 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမရှိသည့်  တောင်ပစိဖိတ်   ကျွန်းစုနိုင်ငံများသည်  ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ရန် သုံးသပ်နေကြောင်းသိရသည်။

ဗိုင်းရပ်ကူးစက်မှုရှိသည့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာသည်   ပြည်သူများ အလုပ်ကိုင်ပြန်လည်ရရှိရေး အတွက် စီးပွားရေးလုပ်ငန်းများကို ပြန်ဖွင့်ရန်နှင့် ထိုသို့ဖွင့်လိုက်ပါက ဖြစ်လာနိုင်သည့်   ဗိုင်းရပ်ကူးစက်မှု အန္တရာယ်တို့ကို ချိန်ဆနေရသည်။

တောင်ပစိဖိတ်ကျွန်းစုနိုင်ငံ အများအပြားသည်   ကျန်ကမ္ဘာ့နိုင်ငံအများအပြား၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ဖြစ်ပွားသည့်အချိန်မှစ၍   င်းတို့၏နယ်စပ်များကို ပိတ်ထားသောကြောင့် ယနေ့အထိ ဗိုင်းရပ်ကူးစက် ခံရခြင်းမရှိသော်လည်း ခရီးသွားလုပ်ငန်းကို   အားထားရသည့် နိုင်ငံများဖြစ်သောကြောင့်  င်းတို့၏ စီးပွားရေးကိုထိခိုက်စေသည်။

ထိုကျွန်းစုနိုင်ငံများအနက်    ဗိုင်းရပ်ကူးစက်မှုရှိသည့် တစ်ခုတည်းသောနိုင်ငံမှာ ဖီဂျီနိုင်ငံဖြစ်ပြီး ဗိုင်းရပ် ကူးစက်ခံရသူ ၁၈ ဦး တွေ့ရှိသော်လည်း ယခုလကုန်တွင် ဗိုင်းရပ်ကင်းစင်သည့်နိုင်ငံအဖြစ် ကြေညာနိုင်ဖွယ် ရှိနေသည်။

ခရီးသွားလုပ်ငန်းများကို ပြန်ဖွင့်လိုက်ပါက တောင်ပစိဖိတ်ကျွန်းစုနိုင်ငံ အများအပြားတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်လာနိုင်သည့် အခြေအနေရှိသည့်အတွက် ထိုလုပ်ငန်းကို ပြန်ဖွင့်သင့်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ အစိုးရများက သုံးသပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post

 

Read 47 times Last modified on Saturday, 09 May 2020 10:02