SJ WorldNews - шаблон joomla Авто

အတိတ်သမိုင်းထဲက ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ ကိုလော့ဆီယမ်

Sunday, 10 May 2020 09:44 font size decrease font size decrease font size increase font size increase font size

ကိုလော့ဆီယမ်ဆိုတာ အီတလီနိုင်ငံ ရောမမြို့မှာရှိပြီး ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တစ်ခါတစ်ရံ ဖလာဗီယံအမိုးမဲ့ ပွဲကြည့်စင်ဝိုင်းလို့လည်းခေါ်နိုင်တဲ့ ကိုလော့ဆီယမ်ဟာ ဘဲဥပုံစံရှိပြီး မြို့လယ်ကောင်မှာတည်ရှိပါတယ်။ ကွန်ကရစ်၊ သဲတို့ဖြင့် ပေါင်းစပ်တည်ဆောက်ထားတဲ့ ကိုလော့ဆီယမ်က ကမ္ဘာပေါ်မှာအကြီးဆုံးသော အမိုးမဲ့ ပွဲကြည့်စင်ဝိုင်းလည်းဖြစ်ပါတယ်။

ကိုလော့ဆီယမ်ကို စတင်တည်ဆောက်သူက ဧကရာဇ်ဗက်စပေးရှန်းဖြစ်ပြီး အေဒီ ၇၂ ခုနှစ်မှာ စတင် တည်ဆောက်တာပါ။ တည်ဆောက်ပြီးစီးတဲ့ အချိန်ကတော့ အေဒီ ၈၀ ပြည့်နှစ်မှာဖြစ်ပြီး ဗက်စပေးရှန်းရဲ့ နေရာကိုဆက်ခံသူ တိုင်တက်လက်ထက်မှာဖြစ်ပါတယ်။

အဲဒီနောက် ဖလာဗီယံမင်းဆက်ရဲ့ ဧကရာဇ်တစ်ပါးဖြစ်တဲ့ ဒိုမီရှန်က ကိုလော့ဆီယမ်ကို အဆင့်မြှင့်တင် မှုတွေ လုပ်ခဲ့တာဖြစ်ပြီး ပရိသတ် ၈၀ဝ၀ဝ အထိဆံ့တဲ့ ပွဲကြည့်စင်ဖြစ်လာပါတယ်။

ကိုလော့ဆီယမ်ဟာ ရောမခေတ်အချိန်အခါက နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ ဧကရာဇ်တွေရဲ့အလိုတော်ကျ ပင်လယ် ရေကြောင်းတိုက်ပွဲတွေ၊ တိရစ္ဆာန်ဖမ်းပွဲတွေ၊ နာမည်ကျော်တိုက်ခိုက်ရေးပွဲတွေ၊ အပြစ်ပေး သတ်ဖြတ်မှုတွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ပွဲတွေကို အများဆုံးကျင်းပရာနေရာဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာတော့ ကိုလော့ဆီယမ်ဟာ ရောမအင်ပါယာခေတ်ပြယုဂ် တစ်ခုအဖြစ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည်တွေကို အများဆုံး ဆွဲဆောင်ရာနေရာလည်းဖြစ်နေပါတယ်။

နွေဦး

 

Read 45 times Last modified on Sunday, 10 May 2020 09:45