SJ WorldNews - шаблон joomla Авто

ကနေဒါ၌ ဗိုင်းရပ်ကူးစက်မှုကြောင့် အလုပ်လက်မဲ့နှုန်း ဆိုးဆိုးဝါးဝါးမြင့်တက်

Sunday, 10 May 2020 09:56 font size decrease font size decrease font size increase font size increase font size

ကနေဒါနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု၏ အကျိုးဆက်အဖြစ် မတ်လတွင် အလုပ်လက်မဲ့ဖြစ်သူ တစ်သန်းရှိရာမှ ဧပြီလတွင် နောက်ထပ်နှစ်သန်း ထပ်တိုးလာသည့်အတွက် အလုပ်လက်မဲ့နှုန်း ဆိုးဆိုးဝါးဝါး မြင့်တက်လာကြောင်း အစိုးရ၏ မေ ၈ ရက်ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် နိုင်ငံအတွင်း အလုပ်လက်မဲ့ဖြစ်သူ စုစုပေါင်းသုံးသန်းကျော် ရှိလာပြီဖြစ်ကြောင်းနှင့် ဧပြီလတွင် အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကာ အလုပ်လက်မဲ့နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ရှိလာပြီဖြစ်ကြောင်း ကနေဒါစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများကို တစ်ဦးလျှင် တစ်လ ဒေါ်လာနှစ်ထောင်နှုန်းဖြင့် လေးလဆက်တိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုအစီအစဉ်တွင် ကနေဒါနိုင်ငံသား ခုနစ်သန်းခွဲ ပါဝင်ကြောင်း ဘဏ္ဍာရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌက အစောပိုင်းတွင်ပြောသည်။

ထို့ပြင် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ တားမြစ်ကန့်သတ်ထားမှုများကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားများကို ဒေါ်လာ ဘီလီယံ ၁၅၀ ထောက်ပံ့ပေးရန် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး က အစောပိုင်းတွင် အမိန့်ပေးထားသည်။

ကနေဒါနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၆၄၉၂၂ ဦးနှင့် သေဆုံးသူ ၄၄၀၈ ဦးရှိသည်။ တစ်ချိန် တည်းမှာပင် ကနေဒါနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်ရှိကြောင်း သိရသည်။

Ref: Sputnik

 

Read 45 times Last modified on Sunday, 10 May 2020 09:56