SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသူ ၅၃၃ ဦးရှိပြီး စံချိန်တင်

Sunday, 10 May 2020 09:58 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှားနိုင်ငံ၌ မေ ၉ ရက်တစ်ရက် တည်းမှာပင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၅၃၃ ဦးရှိပြီး ဗိုင်းရပ် စတင်ကူးစက်ခံရချိန်မှစ၍ ယခုအချိန်ထိ စံချိန်တင်ဗိုင်းရပ်ကူးစက်မှု အများဆုံးနေ့ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အက်ချမက် ယူရီယန်တိုက ပြောသည်။

ထို့ကြောင့် နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၃၆၄၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း င်းကဆက်ပြောသည်။

ထို့ပြင် မေ ၉ ရက်မှာပင် ဗိုင်းရပ်ကူးစက်မှုကြောင့် လူ ၁၆ ဦး သေဆုံးသွားသည့်အတွက် သေဆုံးသူစုစုပေါင်း ၉၅၉ ဦးရှိလာပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၂၆၀၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း၌ မေ ၉ ရက်အထိ လူပေါင်း ၁၀၈၇၀ဝ ကို ဗိုင်းရပ်စစ်ဆေးမှုများ လုပ်ဆောင်ထားကြောင်းနှင့် ဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်၌သာနေရန်အပါအဝင် ထုတ်ပြန်ထားသည့် အမိန့်များကိုလိုက်နာရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

Ref: The Straits Times

 

Read 52 times Last modified on Sunday, 10 May 2020 09:59