SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကိုယ့်အိမ်မှာကိုယ် စစ်ဆေးနိုင်မယ့်ကိရိယာ

Monday, 11 May 2020 10:31 font size decrease font size decrease font size increase font size increase font size

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များက မျိုးရိုးဗီဇကို ပြင်ဆင်ပေးတဲ့ ကိရိယာကိုအသုံးပြုပြီး နိုဗယ်ကိုရိုနာဗိုင်းရပ် စစ်ဆေးရေးကိရိယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီစမ်းသပ်ကိရိယာဟာ နှာခေါင်းတို့ဖတ် ဒါမှမဟုတ် တံတွေးနမူနာမှာပါဝင်တဲ့ ဗိုင်းရပ်တွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ အဖြေကိုတော့ တစ်နာရီအတွင်းမှာ ထုတ်ပေးနိုင်တယ်လို့ ဒေါက်တာ ဖန်ဇန်းနဲ့အဖွဲ့က ပြောထားပါတယ်။

ဗိုင်းရပ်စမ်းသပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေက စမ်းသပ်ကိရိယာထဲမှာ တစ်ပါတည်းပါဝင် တာကြောင့်    အဖြေရလဒ်က ပိုမိုတိကျမှန်ကန်ပြီး  လက်ရှိအမေရိကန်ဈေးကွက်ထဲမှာ  ရောင်းချနေတဲ့  စမ်းတဝါးဝါးဖြစ်စေတဲ့ စမ်းသပ်ကိရိယာတွေထက်  အသုံးပြုရတာလည်း ပိုမိုလွယ်ကူမယ်လို့ သုတေသီတွေ ကဆိုပါတယ်။

အခုဆိုရင် ဗိုင်းရပ်စမ်းသပ်ဖို့အတွက်လုပ်ရမယ့် အဆင့်တွေကိုလည်း ဒေါက်တာဖန်ဇန်းရဲ့အဖွဲ့က ထုတ်ပြန်ထားပြီး      အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနရဲ့ အရေးပေါ်သုံး စမ်းသပ်ကိရိယာအဖြစ် သတ်မှတ်ခံရဖို့ စောင့်ဆိုင်းနေပါတယ်။

လက်ရှိမှာတော့ အဲဒီစမ်းသပ်ကိရိယာကို သုတေသနပြုမှုအတွက်သာ ထုတ်လုပ်ထားရသေးပေမယ့်  စွမ်းဆောင်ရည်ကတော့ တိကျမှုရှိပါတယ်လို့ ဒေါက်တာ ဖန်ဇန်းကပြောပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်နိုင်ဖို့အတွက် ဗိုင်းရပ်ကူးစက်ခံရသူတွေကိုမြန်မြန်တွေ့ရှိဖို့လိုပါတယ်။ ဒါမှသာ မြန်မြန်ဆန်ဆန် ကုသမှုခံယူနိုင်မှာဖြစ်ပြီး တခြားသူတွေဆီကို ဗိုင်းရပ်မပျံ့နှံ့စေမှာပါ။ အခုအသုံးပြုနေတဲ့ ဗိုင်းရပ်စစ်ဆေးမှုနည်းလမ်းက အချိန်အားဖြင့်ကြာမြင့်နိုင်ပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာသာ အသုံးပြုနိုင်တာကြောင့် ဗိုင်းရပ်စစ်ဆေးမှုကို အနည်းငယ်ကြာမြင့်စေပါတယ်။

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ဖန်တီးထားတဲ့   အိမ်သုံးဗိုင်းရပ် စစ်ဆေးကိရိယာကတော့  ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးတဲ့ အတံလေးကဲ့သို့ဖြစ်ပြီး ရလဒ်အဖြေကို  အလားတူအတံကဲ့သို့ဖော်ပြပေးတာပါ။

ဒါကြောင့် ကိုယ့်မှာဗိုင်းရပ်ကူးစက်ခံထားရတယ်လို့ သိရပြီဆိုရင် အမြန်ဆုံး စစ်ဆေးကုသမှုခံယူနိုင်မှာ ဖြစ်တာကြောင့် ကိုယ့်ဆီကနေတခြားသူတွေဆီကို  ဗိုင်းရပ်မပျံ့နှံ့စေတော့မှာဖြစ်ပါတယ်။

နွေဦး

 

Read 49 times Last modified on Monday, 11 May 2020 10:32