SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အနံ့ခံပေးမယ့်အာရုံခံကိရိယာ

Monday, 11 May 2020 10:32 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကျော် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အဲဘတ်(စ်)ကုမ္ပဏီက ကိုနီကူကုမ္ပဏီနဲ့ပူးပေါင်းပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အနံ့ခံပေးနိုင်မယ့် အာရုံခံကိရိယာကို စမ်းသပ်နေပါတယ်။ အလွန်ကို အာရုံခံနိုင်မှု ကောင်းလှတဲ့ အနံ့ခံကင်မရာများကို ၂၀၁၇ ခုနှစ်ကတည်းက တီထွင် စမ်းသပ်နေတာဖြစ်ပါတယ်။

ကနဦးဒီဇိုင်းကတော့  လေယာဉ်ပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ပါဝင်ခြင်းရှိ၊ မရှိကို အနံ့ခံနိုင်ဖို့ ဖြစ်ပါတယ်။ လေထဲမှာပျံ့လွင့်နေတဲ့ အဏုဇီဝပိုးမွှားများ၊ ဓာတုပစ္စည်းများကို သိရှိနိုင်စေရန် ဇီဝကလာပ်စည်းများဖြင့် ပြုလုပ်ထားတဲ့ မိုက်ခရိုပရိုဆက်ဆာတွေကို  အဲဒီအာရုံခံကိရိယာတွေက အသုံးပြုထားတာပါ။ အနံ့ခံကင်မရာကို လူကထိတွေ့ထိန်းချုပ်စရာ မလိုတဲ့အပြင် သေချာလေ့ကျင့် ပေးထားတဲ့ အနံ့ခံခွေးတွေထက် ပိုမိုမြန်ဆန်စိတ်ချရပြီး ငွေကုန်ကြေးကျလည်း သက်သာစေမယ်လို့ သိရပါတယ်။

လေထဲမှာသတ်မှတ်ထားတဲ့ မော်လီကျူးဒြပ်ပေါင်းတွေကို တွေ့ပြီဆိုရင် အနံ့ခံကင်မရာက အချက်ပေးဦး မှာပါ။ အလားတူနည်းပညာကို လက်ရှိမှာ ကင်ဆာရောဂါများ၊ တုပ်ကွေးရောဂါများကို ထောက်လှမ်းရာမှာ အသုံးပြုလျက်ရှိပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်တွေရှိရာ နေရာတွေကို ရှာဖွေ၊ ထောက်လှမ်း၊ သတိပေးဖို့အတွက် မကြာခင်မှာ အဲဒီနည်းပညာက အသင့်ဖြစ်လာတော့မှာပါ။ လက်ရှိလုပ်ဆောင်နေတဲ့ သုတေသနပြု စမ်းသပ်မှုတွေမှာလည်း အဲဒီအာရုံခံကိရိယာက ကမ္ဘာ့ကပ်ရောဂါ ကိုတိုက်ဖျက်နိုင်ဖို့  အလားအလာကောင်းတွေ ရရှိထားတယ်လို့ ဒီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေက ပြောပါတယ်။

နွေဦး

 

Read 56 times Last modified on Monday, 11 May 2020 10:33