SJ WorldNews - шаблон joomla Авто

ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ငရုတ်ကောင်းသေနတ်များဖြင့် ပစ်ခတ်လူစုခွဲ

Monday, 11 May 2020 10:34 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်အထူးဒေသ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရန်ချမှတ်ထားသော လူစုလူဝေးမဖြစ်စေရေး စည်းမျဉ်းများကို ဖီဆန်သည့်ဆန္ဒပြသူများကို  ရဲတပ်ဖွဲ့က ငရုတ်ကောင်းသေနတ်များဖြင့်  ပစ်ခတ်လူစုခွဲပြီး လူ ၁၀ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းသတင်းဌာနက  မေ  ၁၀  ရက်တွင်ထုတ်ပြန်သည်။

ဆန္ဒပြသူများသည် ဆင်ရှားဆွေ၊ မွန်ကော့၊ တိုက်ကူးရှင်နှင့် ရှတင်ခရိုင်တို့အပါအဝင် ဟောင်ကောင်ရှိ ဈေးဝယ်စင်တာများ၌ဆန္ဒပြပြီး အစိုးရဆန့်ကျင်ရေး ဆောင်ပုဒ်များကြွေးကြော်ကာ ဆန့်ကျင်ရေး သီချင်းများကို သီဆိုခဲ့ကြောင်းသိရသည်။

ဆန္ဒပြသူများအနေဖြင့် လူစုလူဝေးမဖြစ်စေရေး စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း ရဲတပ်ဖွဲ့က သတိပေးပြီးနောက် လူစုခွဲရန် ငရုတ်ကောင်းသေနတ်များဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် အသက်  ၁၂  နှစ်ရှိ မိန်းကလေးတစ်ဦးနှင့် အသက် ၁၃ နှစ်ရှိ ကျောင်းသား သတင်းထောက် တစ်ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဟောင်ကောင်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရေး ခွင့်ပြုထားသော လူအရေအတွက်အပေါ် ကန့်သတ်ချက်များကို မေ ၉ ရက်တွင်ဖြေလျှော့ပေးထားပြီး ကနဦးတွင်လူလေးဦးမှ ရှစ်ဦးအထိ လူမစုဝေးရန်ချမှတ်ထားသည်။ သို့သော်  ယင်းဒေသ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုလျော့ကျ ပြီးနောက် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားကြောင်း သိရသည်။    

Ref: The Straits Times

 

Read 66 times Last modified on Monday, 11 May 2020 10:35