SJ WorldNews - шаблон joomla Авто

ရောဂါကူးစက်မှုနှုန်း မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်

Tuesday, 12 May 2020 22:29 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုကြောင့် သေဆုံးသူဦးရေသည် တစ်စထက်တစ်စ မြင့်တက်လာသည်။ မေ  ၉ ရက်အထိ သေဆုံးသူဦးရေ  ၇ဝဝ  ကျော်သွားပြီဟု ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီးဌာနက   တရားဝင်ထုတ်ပြန်ထားသည်။ ယင်းတစ်ရက်တည်းမှာပင် ရောဂါထပ်မံကူးစက်ခံရသူ ၂ဝ၆ ဦး ရှိသည်။

အစိုးရသည် ရောဂါပိုးကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် တုံ့ပြန်မှုများကိုလုပ်ဆောင်လျက်ရှိသည်။ တစ်နိုင်ငံလုံး တွင် ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲခန်းအနည်းဆုံး ၁ဝ ခုရှိနေပြီး စမ်းသပ်မှုများကို ပိုမိုလုပ်ဆောင် နိုင်ရေးအတွက်  ဓာတ်ခွဲခန်း  ၆၉  ခုကို အစိုးရက  ထပ်မံ၍ ပြင်ဆင်နေစဉ်မှာပင်  ရောဂါကူးစက်ခံရသူအရေအတွက်မှာ မြင့်တက်လာခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး၌  လူအစုလိုက်စစ်ဆေးခြင်းကို ဧပြီ ၁၄  ရက် မှ  စတင်လုပ်ဆောင်မည်ဟု  အစိုးရက ထုတ်ပြန်ထားပြီး ဧပြီလနှောင်းပိုင်းမှစ၍ တစ်ရက်လျှင် လူ ၂ဝဝဝဝ ခန့်အထိ တိုးမြှင့် စစ်ဆေးနိုင်ရန်  လိုအပ်သည့် ဆောင်ရွက်ချက်များကို  COVID-19  ရောဂါတိုက်ဖျက်ရေး အထူးတာဝန်တပ်ဖွဲ့တစ်ဖွဲ့က စီစဉ်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင်   ပြည်ပမှ  ရောဂါကူးစက်ခြင်း မရှိစေရန် နိုင်ငံအတွင်းသို့ ပြည်ပမှ ပြန် လည်ဝင်ရောက်လာသည့် ပြည်တော်ပြန် ဖိလစ်ပိုင်နိုင်ငံသားများအတွက်  သီးသန့် ခွဲ၍စောင့်ကြည့်နိုင်မည့် အဆောက်အအုံ လုံလောက်မှုမရှိသောကြောင့် နိုင်ငံအတွင်းရှိ လေဆိပ်များသို့ ခရီးသည်တင်လေယာဉ်များ   ဝင်ရောက် လာခြင်းကို  အစိုးရက မေလအစောပိုင်းကတည်းက ရပ်ဆိုင်းပစ်ခဲ့သည်။   အစိုးရ၏လုပ်ဆောင်ချက်မှာ နိုင်ငံအတွင်း ရောဂါကူးစက်မှုဖြစ်ပွား နေချိန်တွင် ပြည်ပမှ ရောဂါကူးစက်မှုများ ဝင်ရောက်မလာစေရန် ကာကွယ်ခြင်းဖြစ် သည်ဟုဆိုနိုင်သည်။  သို့ရာတွင်  လေ ကြောင်းခရီးစဉ်များကို   မည်မျှကြာကြာ ဆိုင်းငံ့ထားသည်ကို အတိအကျဖော်ပြခြင်း မရှိပေ။

အစိုးရ၏ဆုံးဖြတ်ချက်ကြောင့်  နိုင်ငံသို့ ပြန်လာရန်စောင့်ဆိုင်းနေသည့် ဖိလစ် ပိုင်နိုင်ငံသား ထောင်ပေါင်း များစွာနှင့် ဖိလစ်ပိုင်မှ ထွက်ခွာလိုသည့် နိုင်ငံခြားသားများမှာ သောင်တင်ခဲ့ရသည်။ ထို့ပြင် အစိုးရ၏ တင်းကျပ်ပြီး ထိရောက်သည့်အဆိုပါ ဆုံးဖြတ်ချက်အပေါ် ဖိလစ်ပိုင်နိုင်ငံသား အမြောက်အမြားက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

သို့သော် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်လာသည့် ကုန်တင်လေယာဉ်များနှင့်  ပြုပြင် ထိန်းသိမ်းရေး လေယာဉ်များအနေဖြင့် နိုင်ငံအတွင်းသို့ ဆက်လက်ဝင်ထွက် သွားလာနိုင်မည်ဖြစ်သည်။ အစိုးရကတုံ့ပြန်မှုများ လုပ်ဆောင်နေ သော်လည်း   ရောဂါကူးစက်မှုနှုန်းဆက် လက်မြင့်တက်နေခြင်းမှာ   ပြည်သူများအနေဖြင့်  ချမှတ်ထားသည့်  စည်းမျဉ်းစည်းကမ်းများ၊    ကန့်သတ်ချက်များကို လိုက်နာ ကျင့်သုံးရန် လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။  ပြည်သူများအနေဖြင့် အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်များနှင့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိပါက မနီလာ  မြို့တော်ရှိ ဒေသတစ်ခုတည်းမှာပင် ဇွန်လအရောက်တွင်  ခန့်မှန်းခြေအားဖြင့်   လူတစ်သိန်းကျော်မှ ငါးသိန်းခွဲအထိ ရောဂါ ကူးစက်ခံရဖွယ်ရှိသည်ဟု     ဖိလစ်ပိုင် တက္ကသိုလ်မှထုတ်ပြန်သည့်   လေ့လာမှု တစ်ခုတွင် ဖော်ပြထားသောကြောင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရာတွင်    အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးနေပြီဖြစ်သည်။       

Ref: Rappler, ST

 

Read 48 times Last modified on Tuesday, 12 May 2020 22:31