SJ WorldNews - шаблон joomla Авто

ထိရောက်သော တုံ့ပြန်လုပ်ဆောင်မှုများကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည့် ဟောင်ကောင်

Tuesday, 12 May 2020 22:34 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်၌ COVID-19 ရောဂါကူးစက်မှုထပ်မံဖြစ်ပွားခြင်းမရှိသောကြောင့်  ဒေသအတွင်း  ချမှတ်ထားသည့် ကန့်သတ်ချက်များကို အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖယ်ရှားလိုက်ပြီး စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။

အစိုးရသည် ဒေသအတွင်း ရောဂါကူးစက်မှု  ထိန်းချုပ်ရေးအခြေအနေ ပိုမိုတိုးတက်လာခြင်းကြောင့် ယခင်က ပိတ်ထားသည့် စာသင်ကျောင်းများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်  ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။    ကယ်ရီလန်း ဦးဆောင်သည့် ဟောင်ကောင်အစိုးရသည် ဒေသအတွင်း ချမှတ်ထားသည့်  ကန့်သတ်ချက်များကို ဖြေလျှော့ ရာတွင်  ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကန့်သတ် ချက်တချို့ကို  အစိုးရက  ဖြေလျှော့ပေးလိုက်သော်လည်း   ရောဂါကူးစက်မှုပြန် လည်ဖြစ်ပွားခြင်းမရှိစေရန်  သတိထား ရမည်ဖြစ်ကြောင်း အစိုးရကထုတ်ပြန်ထားသည်။

သုံးတန်းမှငါးတန်းအရွယ် ကျောင်းသားများအနေဖြင့် မေ ၂၇ ရက်မှစ၍ ကျောင်းပြန်တက်နိုင်ရန်   အစိုးရကစီစဉ်ထားပြီး အသက်ပိုငယ်သည့်  ကလေးငယ်များကို သင်ကြားပေးနေသော မူကြိုကျောင်းများနှင့် မူလတန်းကျောင်းများကို ဇွန် ၁၅ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ရောဂါကူးစက်မှုကြောင့်   အစိုးရက ဒေသတွင်းရှိ ဂိမ်းကစားရုံများ၊ အားကစား ရုံများ၊ ရုပ်ရှင်ရုံများနှင့် အလှပြင်ဆိုင်များ ကို ရက်သတ္တပတ်ပေါင်းများစွာ ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်   အစိုးရက စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကန့်သတ် ချက်တချို့ကို မေ ၂၁ ရက်အထိ ဆက် လက်ချမှတ်သွားမည်ဖြစ်သည်။

အာဏာပိုင်များသည်   ဘားများနှင့် ကလပ်များကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည့်အပြင်  လူလေးဦးမှ  ရှစ်ဦး အထိ စုဝေးခွင့်ပြုထားသည်။ သို့ရာတွင် ဘားများနှင့် ကလပ်များတွင် တေးသီချင်း များ  တိုက်ရိုက် ဖျော်ဖြေခြင်း၊  ကခုန်ခြင်း တို့ကို    ဆက်လက်တားမြစ်ထားဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် တချို့ကာရာအိုကေ၊ ဘားများ နှင့် ကလပ်များကို ပြန်လည်ဖွင့်လှစ်ခွင့် မပြုဘဲ  ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်။ အာရှ၏ထင်ရှားသော ဘဏ္ဍာရေး အချက်အချာကျရာ ဒေသတစ်ခုဖြစ်သည့် ဟောင်ကောင်သည် COVID-19 ရောဂါကူးစက်မှုကြောင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်ကို ဆိုးဆိုးရွားရွား တွေ့ကြုံခဲ့ရသည်ဟု ဆိုနိုင်သည်။

ဟောင်ကောင်တွင် COVID-19 ရောဂါကူးစက်မှုကြောင့် လက်လီရောင်းချ မှုပမာဏသည် ပြီးခဲ့သည့်နှစ်ကပမာဏ နှင့်နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းခန့်ကျဆင်း သွားခဲ့ကြောင်း စာရင်းအင်းဌာနက ထုတ် ပြန်ထားသည်။ သို့သော် အစိုးရ၏တုံ့ပြန် လုပ်ဆောင်ချက်မှန်ကန်ပြီး မြန်ဆန်သော ကြောင့် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချ နိုင်ခဲ့သည်။  ရောဂါကူးစက်မှုဖြစ်ပွားသည့် အစောပိုင်းအချိန်တွင် အစိုးရက ခရီးသွား လာမှုကန့်သတ်ခြင်း၊ ရောဂါ ကူးစက်သူ များ နှင့်ထိတွေ့ခဲ့သူများကိုခြေရာခံ၍ စောင့်ကြည့်ခြင်း၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူများကို  သီးခြားခွဲ၍  စောင့်ကြည့်ကုသပေးခြင်းတို့ကို  ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းတို့သည် ရောဂါကူးစက် မှုကိုထိန်းချုပ်ရာတွင်   များစွာအထောက်အကူပြုခဲ့သည်။

Ref: Bloomberg, ST

 

Read 57 times Last modified on Saturday, 16 May 2020 10:01