SJ WorldNews - шаблон joomla Авто

မနီလာ၊ ကျန်းမာရေး မနီလာမြို့၌ အသွားအလာ တားမြစ်ကန့်သတ်မှုကာလကို သီတင်းပတ် ၁၁ ပတ်ထပ်မံ သက်တမ်းတိုး

Wednesday, 13 May 2020 09:52 font size decrease font size decrease font size increase font size increase font size

မနီလာ၊ ကျန်းမာရေး မနီလာမြို့၌ အသွားအလာတားမြစ်ကန့်သတ်မှုကာလကို သီတင်းပတ် ၁၁ ပတ်ထပ်မံ သက်တမ်းတိုး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ချမှတ်ထားသည့် အသွားအလာ တားမြစ်ကန့်သတ်မှုကာလကို အစိုးရက  နောက်ထပ်သီတင်းပတ် ၁၁ ပတ် သက်တမ်းတိုးလိုက်ကြောင်း သိရသည်။

ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံသည် ဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်ရေးတွင် ကာလအရှည်ဆုံးအသွားအလာ တားမြစ်ကန့်သတ်သည့် နိုင်ငံဖြစ်လာသည်။

ဖိလစ်ပိုင်နိုင်ငံ၌  မေ ၁၂ ရက်အထိ  ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၁၁၃၅၀ နှင့် သေဆုံးသူ စုစုပေါင်း ၇၅၁ ဦးရှိသည်။ လက်ရှိဖြစ်ပွားနေသည့်  ဗိုင်းရပ်ကူးစက်မှုများအနက် သုံးပုံနှစ်ပုံနှင့် ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ ၇၂ ရာခိုင်နှုန်းမှာ မနီလာ မြို့မှဖြစ်သည်။

မနီလာမြို့၌ အသွားအလာ တားမြစ်ကန့်သတ်မှုကာလကို သက်တမ်းတိုးသော်လည်း ဗိုင်းရပ်ကူးစက်မှု နည်းပါးသော ဒေသများတွင် အစိုးရကချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းအချို့ကိုလည်း ပြန်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း  သမ္မတ ရိုဒရီဂိုဒူတာတေ၏  ပြောရေးဆိုခွင့်ရှိသူ  ဟယ်ရီရော့ကပြောသည်။

ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့၌ အသွားအလာ တားမြစ်ကန့်သတ်မှုကို မတ်လလယ်မှစ၍ ချမှတ်ခြင်းဖြစ်ပြီး ပို့ဆောင်ရေးကဏ္ဍကို လျှော့ချခဲ့သည့်အပြင်  နိုင်ငံအတွင်းသို့ လူဝင်ရောက်ခြင်းနှင့် အရေးကြီးကဏ္ဍများမှ မဟုတ်သော အလုပ်သမားများ၏ သွားလာလှုပ်ရှားမှုများကိုပါ ထိန်းချုပ်ခြင်းဖြစ်ကြောင်းသိရသည်။

Ref: CNA

 

Read 61 times Last modified on Wednesday, 13 May 2020 10:47