SJ WorldNews - шаблон joomla Авто

အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား သဘောထားတင်းမာမှု ပိုမြင့်တက်လာ

Wednesday, 13 May 2020 10:12 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ လာဒက်ဒေသအရှေ့ပိုင်း၌ မေ ၁၂ ရက်တွင် တရုတ်ရဟတ်ယာဉ်တစ်စင်း  မောင်းနှင် ပျံသန်းသည်ကို တွေ့ရှိရပြီးနောက် နှစ်နိုင်ငံအကြား သဘောထားတင်းမာမှု ပိုမြင့်တက် လာကြောင်း သိရသည်။

အိန္ဒိယနှင့်နယ်စပ်တွင် တရုတ်ရဟတ်ယာဉ် ပျံသန်းခြင်းသည် မေ ၅ ရက်မှစ၍ တတိယအကြိမ်ဖြစ်ပြီး အဆိုပါ အငြင်းပွားပိုင်နက်အတွင်း နှစ်နိုင်ငံစလုံးမှ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော သီတင်းပတ် တစ်ပတ်ကျော်ကတည်းက  အသင့်အနေအထားဖြင့် တပ်ဖြန့်ထားကြောင်း သိရသည်။

နှစ်နိုင်ငံစလုံးမှ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ဝ ခန့်သည် ပန်ဂေါင်ဆိုရေကန်အနီးတွင် အသင့်အနေအထားဖြင့် တပ်စွဲထားကြောင်း ကာကွယ်ရေးဌာနမှ သတင်းအရင်းအမြစ်များကပြောသည်။

အငြင်းပွားနယ်စပ်အနီးတွင် တရုတ်တပ်ဖွဲ့ဝင် ၁၂၀ဝ ကျော်သည် တပ်စွဲထားပြီးဖြစ်ကာ ယင်းဒေသတွင် မေ ၅ ရက် ကတည်းက နှစ်နိုင်ငံစလုံးမှ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ အပြန်အလှန် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။

တရုတ်နယ်စပ်တွင် စစ်ရဟတ်ယာဉ် နှစ်စင်းပျံသန်းသည်ကို တွေ့ရှိရပြီးနောက် အိန္ဒိယလေတပ်က  Su-30 MKI တိုက်လေယာဉ်နှစ်စင်းကို စေလွှတ်ခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြသည်။

လာဒက်ဒေသ၌ မည်သည့်ဘက်ကမျှ လေကြောင်းပိုင်နက် ချိုးဖောက်မှုပြုလုပ်ခြင်းမရှိကြောင်း၊ တရုတ်နှင့် အိန္ဒိယ စစ်လေယာဉ်များသည် ၎င်းတို့ဝေဟင်ပိုင်နက်အတွင်းသာ ပျံသန်းလျက်ရှိကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

Ref: Sputnik

 

 

Read 67 times Last modified on Saturday, 16 May 2020 10:00