SJ WorldNews - шаблон joomla Авто

ဝူဟန်၊ ကျန်းမာရေး ဝူဟန်တစ်မြို့လုံးကို ဗိုင်းရပ်စစ်ဆေးမှုလုပ်မည်

Wednesday, 13 May 2020 10:42 font size decrease font size decrease font size increase font size increase font size

 

နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဗိုင်းရပ်ကင်းစင်ပြီး သီတင်းပတ်များစွာအတွင်း ဗိုင်းရပ်ကူးစက်ခံရမှုများထွက်ပေါ်လာသည့်အတွက် မြို့ခံ ပြည်သူအားလုံးကို  ဗိုင်းရပ်စစ်ဆေးမှုများ လုပ်ရန်စီစဉ်နေကြောင်း  နိုင်ငံပိုင်သတင်း ဌာနက မေ ၁၂ ရက်တွင်ပြောသည်။

 

 

ဝူဟန်မြို့၌ နေထိုင်သူများကို ဗိုင်းရပ်စစ်ဆေးရေးစီမံချက်များကို မေ ၁၂ ရက် နေ့လယ်ပိုင်းတွင်တင်ပြရန်   အစိုးရက တာဝန်ရှိသူများကိုအမိန့်ပေးထားကြောင်း သတင်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါဗိုင်းရပ်စစ်ဆေးမှုကို ၁၀ ရက် အတွင်းအပြီးလုပ်ဆောင်ရန်စီစဉ်ထားသော် လည်း မည်သည့်အချိန်တွင်  စတင်စစ်ဆေး မည်ကို ရှင်းရှင်းလင်းလင်းပြောဆိုထားခြင်း မရှိပေ။

 

 

ဝူဟန်မြို့ကို  ၇၆ ရက်ကြာအသွားအလာ တားမြစ်ကန့်သတ်ချက်များကိုရုပ်သိမ်းပေး ပြီးနောက်  ဆန်မင်ရပ်ကွက်၌  ဗိုင်းရပ် ကူးစက်ခံရသူခြောက်ဦးကို ပြန်တွေ့ရသည့် အတွက် တစ်မြို့လုံးကို ဗိုင်းရပ်စစ်ဆေးမည့်  အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

 

တရုတ်အစိုးရသည်   တစ်နိုင်ငံလုံးရှိ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို  ထိန်းချုပ်နိုင်ခဲ့ သော်လည်း နိုင်ငံတစ်ဝန်းတွင်ချမှတ်ထား သော အသွားအလာတားမြစ်ကန့်သတ်မှု များနှင့်  ကန့်သတ်ချက်များကိုရုပ်သိမ်းပြီး နောက် ဒုတိယအကျော့ဗိုင်းရပ်ကူးစက်မှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

 

 

Ref: CNA

 

 

Read 59 times Last modified on Thursday, 14 May 2020 10:04