SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ်က လူ့အသိုင်းအဝိုင်းမှပျောက်သွားဖွယ်မရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

Friday, 15 May 2020 11:09 font size decrease font size decrease font size increase font size increase font size

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်သည် HIV ကဲ့သို့ လူအများအပြားတွင်တွေ့ရသည့် ကူးစက်ရောဂါ ဖြစ်လာနိုင်ပြီး လူ့အသိုင်းအဝိုင်းမှ ပျောက်ကွယ်သွားဖွယ်မရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ  အရေးပေါ် တုံ့ပြန်ရေးကျွမ်းကျင်ပညာရှင် မိုက်ရိုင်ယန်က မေ ၁၃ ရက်တွင်ပြောသည်။

ထိုအချက်ကို လက်တွေ့ကျကျ လက်ခံရမည်ဖြစ်ပြီး  ထိုရောဂါက မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမည်ကို မည်သူကမျှ မခန့်မှန်းနိုင်ကြောင်း မိုက်ရိုင်ယန် က ဆက်ပြောသည်။

ထို့ပြင် နိုဗယ်ကိုရိုနာဗိုင်းရပ်သည် ရေရှည်ပြဿနာလည်း ဖြစ်နိုင်သည့်အပြင် ရေတိုပြဿနာလည်း ဖြစ်နိုင်ကြောင်းနှင့်   ထိုအခြေအနေနှင့်ပတ်သက်၍  မည်သူကမျှအာမမခံနိုင်ကြောင်း   မိုက်ရိုင်ယန်က  အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲ၌ ပြောထားသည်။

လက်ရှိအချိန်တွင် ဖော်စပ်ထားပြီးသည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ပျောက်ဆေး စုစုပေါင်း ၁၀ဝ ကျော်ရှိကြောင်း၊ အများစုမှာ လက်တွေ့စမ်းသပ်မှုအဆင့်တွင် ရှိကြောင်း၊ သို့သော် ထိရောက်သော ဗိုင်းရပ်ပျောက် ဆေးများကို ရှာဖွေမှုတွင် အခက်အခဲများစွာရှိမည်ကို သိပ္ပံပညာရှင်များက အလေးပေးပြောဆိုထားကြောင်း သိရသည်။

ထို့ကြောင့် အခြေအနေသည် ကမ္ဘာသူကမ္ဘာသား များ၏လက်ထဲတွင်ရှိပြီး လူသားအားလုံးနှင့်သက်ဆိုင်သည့်   ကိစ္စဖြစ်ကြောင်းနှင့်  ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်စေရန် လူသားအားလုံးပါဝင်ရမည်ဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့    ညွှန်ကြားရေးမှူးချုပ်က ပြောထားသည်။

Ref: The Straits Times

 

Read 52 times Last modified on Friday, 15 May 2020 11:10