SJ WorldNews - шаблон joomla Авто

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသအများစု၌ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကိုရုပ်သိမ်း

Friday, 15 May 2020 11:49 font size decrease font size decrease font size increase font size increase font size

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုကျိုမြို့နှင့် အချို့ဒေသများမှလွဲ၍ ဒေသအများစု၌ အရေးပေါ်အခြေအနေ ထုတ်ပြန် ထားမှုကို မေ ၁၄ ရက်တွင် ရုပ်သိမ်းလိုက် ပြီဖြစ်ကြောင်း သိရသည်။

ရှင်ဇိုအာဘေးအစိုးရအနေဖြင့် ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နေစဉ် တစ်ဖက်တွင်လည်း စီးပွားရေးထိုးနှက်ခံရမှုကို ကာကွယ် ရန်ကြိုးပမ်းနေသည့်အတွက် စီရင်စု ၄၇ ခုအနက် ၃၉ ခုတွင်  အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းခြင်းဖြစ်သည်။

ကမ္ဘာ့တတိယမြောက်   စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံသည် ပြီးခဲ့သည့်လတွင် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရေး လူလူချင်းထိတွေ့ဆက်ဆံမှုကို ၈၀ ရာခိုင်နှုန်းခန့်လျှော့ချရန် နိုင်ငံသားများကို တိုက်တွန်းထားသည်။

အစိုးရအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု ဒုတိယအကျော့ ဖြစ်လာနိုင်ခြေအပေါ် သတိရှိစွာ စောင့်ကြည့်နေရသည့်အတွက် ပုံမှန်အတိုင်းပြန်ဖြစ်စေမှု နှေးကွေးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များကပြောသည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုအရ  ဒေသခံများကို နေအိမ်၌နေရန် အပါအဝင်  စာသင်ကျောင်းများကိုပိတ်ရန်  အုပ်ချုပ်ရေးမှူးများကို လုပ်ပိုင်ခွင့်ပေးထားသော်လည်း မလိုက်နာမှုအတွက် ပြစ်ဒဏ် ချမှတ်မည့်ဥပဒေမရှိကြောင်း သိရသည်။

Ref: The Straits Times

 

Read 40 times Last modified on Friday, 15 May 2020 11:50