SJ WorldNews - шаблон joomla Авто

အိန္ဒိယရှိမြို့ကြီးများတွင် အစိုးရက ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီးနောက် ဗိုင်းရပ်ကူးစက်မှုများမြင့်တက်

Saturday, 16 May 2020 08:52 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံရှိမြို့ကြီးများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် ဗိုင်းရပ်ကူးစက်မှုများ မြင့်တက်လာကြောင်းသိရသည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့်  ဗိုင်းရပ်ကူးစက်မှု ၈၂၀ဝ၀ ကျော်အနက် သုံးပုံတစ်ပုံခန့်သည် လူဦးရေ ၁၉ သန်းခန့်ရှိ ဒေလီမြို့နှင့် စီးပွားရေးအချက်အချာကျသည့် မွမ်ဘိုင်းမြို့တို့မှ ဖြစ်ကြောင်းသိရသည်။ မွမ်ဘိုင်းမြို့ တစ်မြို့တည်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသူ ၁၅၀ဝ၀ ကျော်ရှိရာ ထိုသို့ ဗိုင်းရပ်ကူးစက်မှုများကြောင့် ကျန်းမာရေး တာဝန်ရှိသူများမှာ  ဖိအားပေးခြင်းခံနေရသည်။ ဆေးရုံများတွင် ဗိုင်းရပ်ကူးစက်ခံရသူများနှင့် ပြည့်နှက်နေပြီး ဗိုင်းရပ်သည် ဆင်းရဲသားရပ်ကွက်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့ နေကြောင်းသိရသည်။

အာရှတိုက်၏အကြီးဆုံးသော ဆင်းရဲသားရပ်ကွက်ဖြစ်သည့် ဒါရာဝီရပ်ကွက်၌ ပြီးခဲ့သည့်သီတင်းပတ်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၆၆ ဦးရှိသည်။ မြို့ကြီးများတွင် ဗိုင်းရပ်ကူးစက်မှုနှုန်းမြင့် တက်လာခြင်းကြောင့် ဒေလီမြို့ အိမ်နီးချင်း ပြည်နယ်တစ်ခုဖြစ်သည့် အွတ်တာပရာဒေ့ပြည်နယ်က နယ်စပ်အားလုံးကိုပိတ်ထားသည်။ အိန္ဒိယရှိမြို့ကြီး များသည်  လူနေထူထပ်သောကြောင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန် အစိုးရကတိုက်တွန်းထားသော်လည်း အထူးသဖြင့် လိုက်နာရန်ခက်ခဲသည့် ဆင်းရဲသားရပ်ကွက်များနှင့်  အစိုးရက ကန့်သတ်ချက်အချို့ကို ဖြေလျှော့လိုက်ခြင်းက  မြို့ကြီးပြကြီးများအတွက်  စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Ref: The Starits Times

 

Read 43 times Last modified on Saturday, 16 May 2020 08:54