SJ WorldNews - шаблон joomla Авто

ဗြိတိန်၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူလေးဦးအနက် တစ်ဦးတွင် ဆီးချိုရောဂါများရှိနေ

Saturday, 16 May 2020 08:57 font size decrease font size decrease font size increase font size increase font size

ဗြိတိန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူလေးဦးအနက် တစ်ဦးတွင် ဆီးချိုရောဂါများတွေ့ရှိရကြောင်း  အမျိုးသားကျန်းမာရေးဌာန(NHS)က မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံသား ၄ ဒသမ ၈ သန်းတွင်  ဆီးချို ရောဂါများရှိသည်ဟုခန့်မှန်းရပြီး  ထိုသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးနိုင်ခြေများကြောင်း အမျိုးသားကျန်းမာရေးဌာန၏ သုတေသနအဖွဲ့က ဖော်ပြပြီးနောက် ယခုတွေ့ရှိချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အင်္ဂလန်ရှိဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၂၃၃၂ ဦးအနက် ၅၈၇၃ ဦးတွင် ဆီးချို ရောဂါအမျိုးအစား(၁)နှင့် (၂)ရှိကြောင်းနှင့်  ဆီးချိုရောဂါများက ကိုဗစ်-၁၉ ရောဂါနှင့်အတူ သေဆုံးမှု အများဆုံး ဖြစ်စေကြောင်းသိရသည်။

သေဆုံးမှုအများဆုံးသော အခြားရောဂါများမှာ စိတ်ဖောက်ပြန်မှု၊ ဆိုးဝါးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် နာတာရှည်ကျောက်ကပ် ရောဂါတို့ဖြစ်ပြီး သေဆုံးနိုင်ခြေ ၁၈၊ ၁၅ နှင့် ၁၄ ရာခိုင် နှုန်းစီ အသီးသီးရှိကြောင်းသိရသည်။ ထို့ပြင် လူနာ အားလုံးအနက် ဆယ်ပုံတစ်ပုံသည် နှလုံးကြွက်သားများသို့   သွေးလုံလောက်စွာ မရောက်ရှိသည့်ရောဂါ ခံစားရကြောင်း  လေ့လာချက်တွင်ဖော်ပြထားသည်။

ဆီးချိုရောဂါအခံရှိသူများမှာ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးနိုင်ခြေပိုများပြီး ထိုရောဂါနှစ်ခုဆက်စပ်မှုကို နားလည်ရန် အသေးစိတ် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်နေကြောင်း၊ ကနဦးလေ့လာချက်များအရ အသက် ၄၀ အောက် လူများကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်မှုနည်းပါးကြောင်း ဆီးချိုရောဂါအထူး အကြံပေးပါမောက္ခ ပါသာကာကပြောသည်။

Ref: Sputnik

 

Read 42 times Last modified on Saturday, 16 May 2020 08:59