SJ WorldNews - шаблон joomla Авто

၂၀၂၁ ခုနှစ်တွင် အာဖရိကတိုက်ရှိ လူဦးရေသန်း ၂၅၀ နီးပါး နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရဖွယ်ရှိ

Saturday, 16 May 2020 09:00 font size decrease font size decrease font size increase font size increase font size

၂၀၂၁ ခုနှစ်တွင် အာဖရိကတိုက်ရှိ နိုင်ငံ ၄၇ နိုင်ငံမှ လူဦးရေသန်း ၂၅၀ နီးပါးသည် နိုဗယ်ကိုရိုနာဗိုင်းရပ်   ကူးစက်ခံရဖွယ်ရှိကြောင်း၊ သို့သော် အမေရိကန်နှင့် ဥရောပတိုက်တို့ထက် သေဆုံးမှုနှုန်းနှင့် ရောဂါပြင်း ထန်မှုနှုန်း နည်းပါးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။

အာဖရိကတိုက်အတွင်း ဗိုင်းရပ်ကူးစက်မှု နှုန်းမှာနှေးကွေးနိုင်ပြီး လူပေါင်း ၁၉၀ဝဝဝ အထိသေဆုံးနိုင်ကြောင်း၊   ဆေးရုံတက်များပြားမှု၊ လူနာအများအပြားကို စောင့်ရှောက်မှုပေးရန်လိုအပ်မှု၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အပေါ် ထိခိုက်မှုတို့သည် လက်ရှိတွင်ဆိုးဝါးနေသည့်  ကျန်းမာရေးစနစ်ကို ပိုဆိုးစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အာဖရိကရုံး၏ ခန့်မှန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာဖရိကတိုက်၌ လူငယ်လူရွယ်များပြားမှုသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဗိုင်းရပ်ကူးစက်မှုနှုန်းကို နှေးကွေးစေခြင်းဖြစ်ပြီး ဥပမာအားဖြင့် အမေရိကန်နှင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အာဖရိကနိုင်ငံများတွင် အဝလွန်မှုနှုန်းနည်းပါးခြင်းက ဗိုင်းရပ်ကူးစက်မှုကို နှေးကွေးစေရန် အကူအညီပေးမည်ဖြစ်ကြောင်း  သုတေသီများက ဆိုသည်။

အာဖရိကဒေသဆိုင်ရာ ကုလသမဂ္ဂ၏ စီးပွားရေးကော်မရှင်က  ဧပြီလလယ်ပိုင်း တွင်ခန့်မှန်းထားသည်မှာ အာဖရိက တိုက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁ ဒသမ ၂ ဘီလီယံရှိပြီး သေဆုံးသူ ၃ ဒသမ ၃ သန်းရှိမည်ဟုဆိုသည်။

သို့သော် ထိုခန့်မှန်းချက်နှင့် ယခုခန့်မှန်းချက်ကိုနှိုင်းယှဉ်၍မရကြောင်း၊ ခန့်မှန်းချက် အသစ်သည်  ဂျီဘူတီ၊ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ ဆိုမာလီယာ၊ ဆူဒန်နှင့် တူနီးရှား နိုင်ငံတို့မပါဝင်သည့်  အချက်အလက်များအပေါ် အခြေခံ ထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

Ref: MSN

 

Read 49 times Last modified on Saturday, 16 May 2020 09:02