SJ WorldNews - шаблон joomla Авто

အိန္ဒိယရှိ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် တရုတ်နိုင်ငံကိုကျော်လွန်

Sunday, 17 May 2020 09:37 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ၌    နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူဦးရေသည် မေ ၁၆ ရက်တွင် ၈၈၆၅၉၅ ဦးအထိ    မြင့်တက် လာသောကြောင့်    ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ တရုတ်နိုင်ငံကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းဗိုင်းရပ် ကူးစက်မှုနှုန်း   ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊   လက်ရှိနေ့စဉ် ကူးစက်မှုနှုန်းသည်  ၃ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး သုညအထိ ကျဆင်းသွားရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံသည် ဗိုင်းရပ်ကူးစက်မှုမှ  နာလန်ထူနိုင်မည်ဖြစ်ကြောင်း  ဝန်ကြီးချုပ်၏ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်ဟောင်း ရှာမီကာရာဗီကပြောသည်။

ဗိုင်းရပ်ကူးစက်မှု မြင့်တက်နေရသည့် အကြောင်းရင်းတစ်ချက်မှာ နိုင်ငံအတွင်းရှိ လူဦးရေနှင့်နှိုင်းယှဉ်ပါက ဗိုင်းရပ်စစ်ဆေးမှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း  ကျန်းမာရေးတာဝန်ရှိသူများကပြောသည်။

အိန္ဒိယနိုင်ငံ၌ ဧပြီလအစောပိုင်းမှ ယခုသီတင်းပတ်အထိ ဗိုင်းရပ်စစ်ဆေးပြီးသူ တစ်သိန်းရှိသော်လည်း  အခြားနိုင်ငံကြီး များနှင့်နှိုင်းယှဉ်ပါက များစွာ နောက်ကျကျန်နေသေးကြောင်း သိရသည်။ ဗိုင်းရပ်ကူးစက်မှုများအနက် သုံးပုံတစ်ပုံမှာ နိုင်ငံအနောက်ပိုင်းရှိ မဟာရက်ရှထရာပြည်နယ်မှဖြစ်ပြီး  တမီနာဒူး၊ ဂူဂျာရက်နှင့် ဒေလီတို့တွင်လည်း  ဗိုင်းရပ် ကူးစက်မှုကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရသည်။

နိုင်ငံအတွင်းချမှတ်ထားသည့် အသွားအလာတားမြစ် ကန့်သတ်မှုသည် မေ ၁၇ ရက်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ဗိုင်းရပ်ကူးစက်မှုကြောင့် ကျဆင်းနေသည့်   နိုင်ငံ့စီးပွားရေးကို  ပြန်လည်ဖွင့်လှစ်ပေးရန် ပြည်နယ်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားလူတန်းစားများက အစိုးရကိုတောင်းဆိုထားသည်။ သို့သော်  အဆိုပါ အသွားအလာ တားမြစ်ကန့်သတ်မှုကို ထပ်မံသက်တမ်းတိုးရန် အစိုးရကမျှော်လင့်ထားကြောင်းသိရသည်။

 Ref: Business Times

 

Read 55 times Last modified on Sunday, 17 May 2020 09:38