SJ WorldNews - шаблон joomla Авто

အမေရိကန်က ကုလသမဂ္ဂအပေါ်အများဆုံး အကြွေးတင်နေသူဖြစ်ဟု တရုတ်အပြစ်တင်ဝေဖန်

Monday, 18 May 2020 11:36 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရသည် ကုလသမဂ္ဂအပေါ် အများဆုံး အကြွေးတင်နေသူဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယသံတမန် ယောင်ရှောင်ဂျွန်က အပြစ်တင်ဝေဖန်ထားသည်။

အမေရိကန်သည် ကုလသမဂ္ဂအတွက် ပုံမှန်ထည့်ဝင်မှုနှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ စစ်ဆင်ရေးအသုံးစရိတ် များအတွက် ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ နှင့်  ၁ ဒသမ ၃ ဘီလီယံစီ  ပေးဆောင်ရန်ကျန်ရှိနေကြောင်း သိရသည်။

ယခုသီတင်းပတ်တွင် ကျင်းပသော    ကုလသမဂ္ဂအထွေထွေညီလာခံ    ဘတ်ဂျက်ကော်မတီအစည်းအဝေး၌ ယောင်ရှောင်ဂျွန်က ထိုကဲ့သို့ပြောခြင်းဖြစ်ပြီး  ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့် ၎င်းတို့၏ ထည့်ဝင်ရမည့် ငွေကြေးအားလုံးကို ထည့်ဝင်ရန်လိုအပ်ကြောင်း ၎င်းကအလေးပေးပြောဆိုသည်။

အဖွဲ့ဝင်နိုင်ငံအချို့က ထည့်ဝင်ရမည့် ငွေပေးချေခြင်းမရှိသည့်အတွက် ကုလသမဂ္ဂအနေဖြင့် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းနှင့် ထိုအခက်အခဲသည် ကိုဗစ်-၁၉ ရောဂါကြောင့် ပိုမိုဆိုးဝါးနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်   အန်တိုနီယိုဂူတားရက်က  ဧပြီလအစောပိုင်းတွင်ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုကြောင့် ကြီးမားသောစီးပွားရေးနှင့် ဘဏ္ဍာရေးဖိအားများဖြင့် ရင်ဆိုင်နေရသော်လည်း ကုလသမဂ္ဂသို့ ပေးရမည့်ငွေအားလုံးကို အပြည့်အဝ ပေးဆောင်နိုင်ခဲ့ကြောင်း  ယောင်ရှောင်ဂျွန်က အစည်းအဝေး၌ပြောသည်။

အမေရိကန် တာဝန်ရှိသူတစ်ဦးကမူ  အမေရိကန်သည် အခြားနိုင်ငံများနှင့် ဘဏ္ဍာနှစ်သတ်မှတ်ချက်ခြင်း မတူသည့် အတွက် ယခုနှစ်ကုန်ပိုင်းမှသာ ပေးရန်ကျန်ရှိသည်များကို ပေးသွားမည်ဟုပြောကြောင်း သိရသည်။

Ref: Sputnik

 

Read 44 times Last modified on Monday, 18 May 2020 11:37