SJ WorldNews - шаблон joomla Авто

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို နေအိမ်၌သေဆုံးလျက်တွေ့ရှိ

Monday, 18 May 2020 11:38 font size decrease font size decrease font size increase font size increase font size

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို တဲအဗစ်ခရိုင်ရှိ သံအမတ်ကြီးနေအိမ်၌ မေ ၁၇ ရက်တွင် သေဆုံးလျက်တွေ့ရှိရ ကြောင်း အစ္စရေးရဲတပ်ဖွဲ့ကပြောသည်။

အသက် ၅၇ နှစ်ရှိ တရုတ်သံအမတ်ကြီး ဒူဝေသည် ဖေဖော်ဝါရီလလယ်တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဟာဇလီယာမြို့ရှိ သံအမတ်ကြီးနေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့က   စုံစမ်း စစ်ဆေးနေကြောင်း  ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကီရိုဆန်ဖဲ့ကပြောသည်။

သံအမတ်ကြီးသည်  အိပ်ရာထက်တွင် သေဆုံးနေခြင်းဖြစ်ပြီး ထိုသို့သေဆုံးနေသည်ကို  ဝန်ထမ်းတစ်ဦးကတွေ့ရှိကာ အခင်းဖြစ်နေရာ၌ ပဋိပက္ခဖြစ်ထားသည့် လက္ခဏာများ မတွေ့ရကြောင်း  Haaretz သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် သံအမတ်ကြီးသည် နှလုံးရောဂါဖြင့်  ရုတ်တရက်သေဆုံးရဖွယ်ရှိကြောင်း ဆေးဝန်ထမ်းအဖွဲ့ကပြောသည်။ အလားတူ သံအမတ်ကြီးသည် အိပ်ပျော်နေစဉ် သဘာဝအတိုင်း သေဆုံးသွားခြင်းဖြစ်သည်ကို ကနဦး စစ်ဆေးချက်များအရ သိရကြောင်း အမည်မဖော်လိုသူ အရေးပေါ် ဆေးအဖွဲ့တာဝန်ရှိသူများကပြောသည်။

Ref: The Straits Times

 

Read 27 times Last modified on Monday, 18 May 2020 11:39