Print this page

ဩစတြေးလျ အကျဉ်းထောင်များ၌ ချောစာများတွင် မူးယစ်ဆေးဝါးတွေ့ရှိမှုမြင့်တက်

Monday, 18 May 2020 11:41 font size decrease font size decrease font size increase font size increase font size

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ဩစတြေးလျနိုင်ငံရှိ အကျဉ်းထောင်များ၌ ဧည့်တွေ့ခွင့် တားမြစ်ထားစဉ် စာများ၊ ကတ်များအပြင် ကလေးပန်းချီကားကဲ့သို့ ချောစာများတွင် မူးယစ်ဆေးဝါးများ တွေ့ရှိမှု  မြင့်တက်လာကြောင်း တာဝန်ရှိသူများက မေ ၁၇ ရက်တွင်ပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် အကျဉ်းထောင် များ၌ ချောစာများအတွင်း မူးယစ်ဆေးဝါး ထည့်သွင်းပို့ဆောင်မှု ၂၂ ခုသာရှိရာမှ ယခုနှစ် ဧပြီလတွင် ၁၃၅ ခုအထိရှိလာကြောင်း ဩစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး  နယူးဆောက်ဝေး ပြည်နယ်ရှိ    ပြုပြင်ရေးအဖွဲ့ကပြောသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုကြောင့်  မတ်လလယ်တွင်    ပြည်နယ်အတွင်းရှိ  အကျဉ်းထောင်  ၃၈  ခုကို  ဧည့်တွေ့ခွင့် တားမြစ်ပြီးနောက် ယခုကဲ့သို့ မူးယစ်ဆေးဝါးများကို တွေ့ရှိခြင်းဖြစ်သည်။ ယခုလအစောပိုင်းတွင် အကျဉ်းထောင် တာဝန်ရှိသူများသည် ကလေးပန်းချီကားအတွင်းမှ ဘိန်းအသုံးပြုထုတ်လုပ်ထားသည့် အကိုက်ခဲပျောက် ဆေးတစ်မျိုးကို တွေ့ရှိ ကြောင်းနှင့် အဆိုပါအကိုက်ခဲပျောက်ဆေးကို  စက္ကူအတွင်းထည့်ထားပြီး  ပန်းချီကားဆေးများဖြင့်   ဖုံးအုပ်ထားကြောင်း  သိရသည်။

ထို့ပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းထောင်တာဝန်ရှိသူများက  ရှာဖွေမှုများကို တင်းကျပ်စွာဆောင်ရွက်နေစဉ် လက်ဆောင်ကတ်များ၊ စာအိတ်များအပြင် ခြံစည်းရိုး အပြင်ဘက်မှကျလာသည့် တင်းနစ်ဘောလုံးများ၊ သောက်ရေဘူး များအတွင်းမှ မူးယစ် ဆေးဝါးများကိုလည်း တွေ့ရကြောင်း သိရသည်။          

Ref: The Straits Times

 

Read 49 times Last modified on Monday, 18 May 2020 11:42