Print this page

အိန္ဒိယ၌ ဗိုင်းရပ်ကူးစက်မှုဖြစ်ပွားနေစဉ် အမ်ဖန်မုန်တိုင်းအန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာ ဘေးကင်းရာသို့ ပြောင်းရွှေ့

Tuesday, 19 May 2020 09:34 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်ပွားနေစဉ် ယခုသီတင်းပတ်အတွင်း အရှေ့ဘက်ကမ်းရိုးတန်းသို့ အမ်ဖန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်သည့် အန္တရာယ်ကြောင့် လူထောင်ပေါင်းများစွာမှာ ဘေးကင်းရာသို့ ပြောင်းရွှေ့ရကြောင်း အိန္ဒိယတာဝန်ရှိသူများက မေ ၁၈ ရက်တွင်ပြောသည်။

အလွန့်အလွန်အားကောင်းသော အဆိုပါအမ်ဖန် မုန်တိုင်းသည် မေ  ၂၀  ရက်တွင်  ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင် သည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။

ထိုမုန်တိုင်းသည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည့်အတွက် ဒေသခံများကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်စေရေးအတွက် ဩရိဿပြည်နယ်နှင့် အနောက်ဘန်ဂေါပြည်နယ်တို့က ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားသည်။

၎င်းတို့အနေဖြင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးရုံသာမက ဗိုင်းရပ်ကူးစက်မှုမှ လည်း  ကာကွယ်ပေးရမည်ဟု  ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် ဧပြီလမှ ဒီဇင်ဘာလအတွင်း မုန်တိုင်းများ တိုက်ခတ်လေ့ရှိကြောင်းနှင့် မုန်တိုင်းဒဏ်ကြောင့်  အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဒေသခံသိန်းပေါင်းများစွာ ဘေးကင်းရာသို့ပြောင်းရွှေ့ရပြီး လူသေဆုံးမှုများနှင့် အိုးအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

Ref: The Straits Times

Read 38 times Last modified on Tuesday, 19 May 2020 09:36