SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်ခံရသူ များလာခြင်းကြောင့် ဆောင်ပေါင်လိုမြို့၏ ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ်ရှိနေ

Tuesday, 19 May 2020 09:42 font size decrease font size decrease font size increase font size increase font size

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆောင်ပေါင်လိုမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ များပြားလာမှုကြောင့် ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့တော်ဝန်ဘရူနိုကိုဗက်က မေ ၁၇ ရက်တွင်ပြောသည်။

ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ၌ လူနာများဖြင့်ပြည့်နှက်နေကြောင်း ဘရူနိုကိုဗက်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင်ပြောသည်။ ၎င်းတို့အနေဖြင့် အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ဆေးရုံအထူး ကြပ်မတ်ကုသဆောင်များရှိ  ခုတင်  ၉၀ ရာခိုင်နှုန်းနှင့် သာမန်ကုသဆောင်များရှိ ခုတင် ၇၆ ရာခိုင်နှုန်းမှာ လူနာများဖြင့် ပြည့်နေကြောင်း ဘရူနိုကိုဗက်ကဆက်ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု  အခြေခံအဆောက်အအုံမှာ ကန့်သတ်ချက်ကိုကျော်လွန်နေပြီး နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုနှုန်းမှာ    ဆက်လက်မြင့်တက်နေသည့်အတွက် လူနာများမှာလည်း တိုးမြင့်လာနေကြောင်း ၎င်းကဆိုသည်။

လူဦးရေ သန်း ၂၀ ခန့်နေထိုင်သော ဆောင်ပေါင်လိုပြည်နယ်၌ မေ ၁၇ ရက် အထိ ဗိုင်းရပ်ကူးစက်ခံရသူ ၆၂၃၄၅ ဦးရှိပြီး သေဆုံးသူ ၄၇၈၂ ဦးရှိသည်။ ဘရာဇီးနိုင်ငံရှိ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်သည် စပိန်နှင့် အီတလီနိုင်ငံတို့ကို ကျော်လွန်လာသည့်အတွက် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာသည်။

မေ ၁၈ ရက်အထိ တစ်နိုင်ငံလုံးရှိ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၂၄၃၉၆၈ ဦးနှင့်  သေဆုံးသူစုစုပေါင်း ၁၆၁၉၆ ဦးရှိကြောင်း သိရသည်။

Ref: The Stratis Times

Read 32 times Last modified on Tuesday, 19 May 2020 09:43