SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်စေမည့်ဆေး တရုတ်သိပ္ပံပညာရှင်များ ဖော်စပ်နေ

Wednesday, 20 May 2020 15:36 font size decrease font size decrease font size increase font size increase font size

တရုတ်သိပ္ပံပညာရှင်များသည် လက်ရှိဖြစ်ပွားနေသည့်   ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်စေမည့်ဆေးကို ဖော်စပ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏     နာမည်ဂုဏ်သတင်းမွှေးသော ပီကင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ စမ်းသပ်နေသော  ထိုဆေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများကို အချိန်တိုအတွင်း နာလန်ထူစေရုံသာမက အချိန်တိုအတွင်း ဗိုင်းရပ်ကို တိုက်ထုတ်နိုင်သည့်ကိုယ်ခံအားကို ပေးစွမ်းနိုင်ကြောင်း သုတေသီများကပြောသည်။

လက်ရှိအချိန်တွင် ထိုဆေးသည်တိရစ္ဆာန်၌ စမ်းသပ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး   အောင်မြင်မှုလည်းရှိကြောင်း ပီကင်းတက္ကသိုလ်ရှိ  သက်ရှိတို့၏ ဗီဇပစ္စည်းဆိုင်ရာ တီထွင်ဆန်းသစ်မှုဌာနမှညွှန်ကြားရေးမှူး ဆွန်နီရှေးကပြောသည်။

ထိုဆေးသည် ကလာပ်စည်းများကိုဗိုင်းရပ်ကူးစက်မှု မှကာကွယ်ရန် လူတို့၏ကိုယ်ခံအားစနစ်မှထုတ်လုပ် ပေးသော ပဋိပစ္စည်းကိုအခြေခံဖော်စပ်ထားခြင်းဖြစ်ပြီး  ယင်းသို့ပဋိပစ္စည်းများကိုအသုံးပြုခြင်းသည် ရောဂါကို ကုသနိုင်ရုံသာမက အချိန်တိုအတွင်းနာလန်ထူစေနိုင် သည်ဟု သုတေသီများကခန့်မှန်းထားသည်။

အဆိုပါဆေးကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါလူသားများတွင် စမ်းသပ်မှုများကို လုပ်ဆောင်ရန်စီစဉ်နေပြီ ဖြစ်ကြောင်းနှင့် ထိုစမ်းသပ်မှုများကို ဩစတြေးလျနိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွန်နီရှေး ကဆက်ပြောသည်။

တရုတ်နိုင်ငံအတွင်းဖော်စပ်ထုတ်လုပ်ပြီး လူသား များတွင်စမ်းသပ်နေသည့်     နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ငါးမျိုး ရှိကြောင်းနှင့်   ကာကွယ်ဆေး တစ်ခုထုတ်လုပ်ရန် တစ်နှစ်မှတစ်နှစ်ခွဲအတွင်း ကြာမြင့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

Ref: The Straits Times

 

Read 40 times Last modified on Wednesday, 20 May 2020 15:37