SJ WorldNews - шаблон joomla Авто

ဟောင်ကောင်ဒေသအတွက် အမျိုးသားလုံခြုံရေး ဥပဒေများပြဋ္ဌာန်းရန် တရုတ်ပြင်ဆင်

Friday, 22 May 2020 09:31 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်အထူးဒေသ၌ ဖြစ်ပွားသော ဆူပူအကြမ်းဖက်ဆန္ဒပြမှုများ ထပ်မံမဖြစ်ပွားစေရန် ယင်းဒေသအတွက် အမျိုးသားလုံခြုံရေး ဥပဒေများပြဋ္ဌာန်းနိုင်ရေး  ပြင်ဆင်နေကြောင်း သိရသည်။

ထိုဥပဒေများသည် ခွဲထွက်ခြင်း၊ ပြည်ပမှဝင်စွက်ဖက်ခြင်း၊ အကြမ်းဖက်ဝါဒ၊ ဗဟိုအစိုးရကို ပြိုလဲစေရေး ရည်ရွယ်သည့် အစိုးရဆန့်ကျင်ရေး လုပ်ဆောင်ချက်များအားလုံးနှင့် ဟောင်ကောင်ဒေသအရေးတွင် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု များကို တားမြစ်သွားမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်နီးစပ်သူသုံးဦး၏ ပြောဆိုချက်ကိုကိုးကား၍ SCMP သတင်းဌာနက မေ ၂၁ ရက်တွင်ဖော်ပြထားသည်။

အဆိုပါဥပဒေကို လက်ရှိကျင်းပနေသည့် တရုတ်လွှတ်တော်၌ ပြဋ္ဌာန်းဖွယ်ရှိပြီး ယင်းဥပဒေက မတည်ငြိမ်မှုများကို ပိုဖြစ်စေနိုင်ကြောင်း Bangkok Post သတင်းစာက ဖော်ပြထားသည်။

ထို့နောက် မေ ၂၁ ရက်ညတွင် ဆန္ဒပြမှုများလုပ်ရန် ပြည်သူများကိုနှိုးဆော်သည့် စာများအွန်လိုင်းပေါ်တွင်  တက်လာပြီး  အချို့မှာကုန်တိုက်တစ်ခုအနီး၌ ဒီမိုကရေစီအရေး ဆောင်ပုဒ်များအော်ဟစ်ပြီး ဆန္ဒပြနေကြောင်းသိရသည်။ ယင်းဥပဒေကို ပြဋ္ဌာန်းမည်ဟူသော သတင်းထွက်ပေါ်လာပြီး နောက်ပိုင်း ဟောင်ကောင်ဒေါ်လာဈေးမှာလည်း ထိုးကျသွားကြောင်းသိရသည်။

Ref: Bangkok Post

 

Read 24 times Last modified on Friday, 22 May 2020 09:37