SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ အမ်ဖန်မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၇၂ ဦးသေဆုံး

Friday, 22 May 2020 09:50 font size decrease font size decrease font size increase font size increase font size

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည့် အမ်ဖန်သည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၇၂ ဦး သေဆုံးကြောင်း ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီက မေ ၂၁ ရက်တွင်ပြောသည်။

မုန်တိုင်းကြောင့် သေဆုံးသူများအနက် ၁၅ ဦးသည်  ကာလကတ္တားမြို့မှ ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် အဆိုပါပြည်နယ်သို့လာပြီး အခြေအနေကို ကြည့်ရှုမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ထို့ပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူများအတွက် ရူပီးနှစ်သိန်းစီ လျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘန်ဂေါပြည်နယ်ရှိ မြောက်နှင့်တောင် ၂၄ ပါရာဂါနာ ခရိုင်တို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ သက်ငယ်မိုးအိမ်များ လေနှင့်အတူလွင့်ပါသွားခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ဓာတ်တိုင် များလဲကျခြင်း၊ မြေနိမ့်ပိုင်းဒေသများ ရေနစ်မြုပ်ခြင်းတို့  ဖြစ်ပွားကြောင်း တာဝန်ရှိသူများကပြောသည်။

မြောက်  ၂၄  ပါရာဂါနာခရိုင်တစ်ခုတည်း၌ပင် လူနေအိမ် ၅၀ဝ၀ ကျော်ပျက်စီးသွားပြီး ကာလကတ္တားမြို့၌လည်း သစ်ပင်များလဲခြင်းနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းတို့ဖြစ်ပွားသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် အနောက်ဘန်ဂေါပြည်နယ် ရှိ ဒိုင်ဂါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာတီယာကျွန်းကြားရှိ ကုန်းတွင်းပိုင်းဒေသသို့ စတင်ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်သည်။

အချင်းကီလိုမီတာ ၈၀ ရှိသည့် မုန်တိုင်းဗဟိုချက်အနီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀  မှ ၁၈၀ ကြားရှိရာမှ ၂၀ဝ အထိမြင့်တက်ပြီး မေ ၂၀  ရက် ဒေသစံတော်ချိန်ညနေ ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ ဖြတ်ကျော်သည်။

ထို့ကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိကျေးရွာများ၊ နေအိမ်များပျက်စီးဆုံးရှုံးကာ အနည်းဆုံးလူ ၁၀ ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မေ ၂၁ ရက်တွင်ပြောသည်။

Ref: Zee News

Read 27 times Last modified on Friday, 22 May 2020 09:51