SJ WorldNews - шаблон joomla Авто

ကရာချိ၊ မတော်တဆမှု ပါကစ္စတန်၌ လူ ၁၀ဝ ကျော်လိုက်ပါလာသည့် လေယာဉ်ပျက်ကျ

Saturday, 23 May 2020 09:46 font size decrease font size decrease font size increase font size increase font size

လေယာဉ်အမှုထမ်းနှင့်ခရီးသည် ၁၀ဝ ကျော် လိုက်ပါလာသည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် မေ ၂၂ ရက်တွင် ကရာချိမြို့တောင်ပိုင်းရှိ လူနေရပ်ကွက်သို့ပျက်ကျရာ လူအများအပြား သေဆုံးကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါလေယာဉ်၌ လေယာဉ်အမှုထမ်းရှစ်ဦးနှင့် ခရီးသည် ၉၉ ဦးလိုက်ပါလာသည်ဟု သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများက ပြောသည်။ မတော်တဆဖြစ်ပွားရခြင်းမှာ  လေယာဉ်၏နည်း ပညာပိုင်းချွတ်ယွင်းမှုကြောင့် ဖြစ်သည်ဟု လေယာဉ်မှူးက  သတင်းပို့ထားကြောင်း  လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ   အဗ္ဗဒူလာအိတ်ခန်က ပြောသည်။

အဆိုပါခရီးသည်တင်လေယာဉ်သည် မြေပြင်သို့ မဆင်းသက်မီ  နည်းပညာပိုင်းချွတ်ယွင်းမှုကြောင့် လေယာဉ်ဘီးများကို မချနိုင်တော့ဘဲ   ယခုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်။ သို့သော်   လေယာဉ်မထွက်ခွာမီလိုအပ်သည့် စစ်ဆေးမှုများကို လုပ်ဆောင်ထားသည်ဟု လေကြောင်းလိုင်း တာဝန်ရှိသူများကပြောသည်။

လေယာဉ်မတော်တဆ ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်ဘက်တပ်ဖွဲ့ ဝင်များကို စေလွှတ်ထားကြောင်း ပါကစ္စတန်စစ်ဘက်ကပြောသည်။ အဆိုပါလေယာဉ်သည် လာဟိုးမြို့မှပျံသန်း ထွက်ခွာ လာခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းမှတာဝန်ရှိသူ အဗ္ဗဒူဆက်တာခိုးခါးကပြောသည်။

Ref: The Straits Times

 

Read 24 times Last modified on Saturday, 23 May 2020 09:46