SJ WorldNews - шаблон joomla Авто

အိန္ဒိယအစိုးရက မုန်တိုင်းဒဏ်သင့်အနောက်ဘန်ဂေါပြည်နယ်အတွက် ရူပီးကုဋေ ၁၀ဝ၀ ပေးအပ်

Saturday, 23 May 2020 09:47 font size decrease font size decrease font size increase font size increase font size

အိန္ဒိယအစိုးရသည်အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရသော နိုင်ငံအရှေ့ပိုင်း ရှိ   အနောက်ဘန်ဂေါပြည်နယ်အတွက်  အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့ငွေ အဖြစ် ရူပီးကုဋေ ၁၀ဝ၀ ( အမေရိကန် ဒေါ်လာ ၁၃၁ ဒသမ ၆ သန်း)ပေးအပ် ကြောင်း ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက မေ ၂၂ ရက် နေ့လယ်ပိုင်းတွင် ကြေညာသည်။

အမ်ဖန်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၈၀ ခန့်သေဆုံးကြောင်း ပြည်နယ်တာဝန် ရှိသူများက ထုတ်ပြန်ထားသည်။ အစိုးရအနေဖြင့် ထိုပြည်နယ်မှထောက်ပံ့ ရေးအကူအညီတောင်းခံမှုကို လက်ခံရရှိ ပြီးနောက် ဝန်ကြီးအဆင့်အဖွဲ့တစ်ဖွဲ့ကို ယင်းပြည်နယ်သို့စေလွှတ်ပြီး ပျက်စီးဆုံးရှုံးမှုများကိုတွက်ချက်ကာ ထပ်မံထောက်ပံ့ပေး မည်ဟု ဝန်ကြီးချုပ်ရုံးကထုတ်ပြန်သည်။

ထို့ပြင် အိန္ဒိယအစိုးရသည် မုန်တိုင်း အတွင်းသေဆုံးသွားသူများအတွက် တစ်ဦး လျှငေ် အမေရိကန်ဒေါ်လာ ၂၆၃၂ ဒေါ်လာ နှင့် ဒဏ်ရာရရှိသူတစ်ဦးစီအတွက် ၆၅၈ ဒေါ်လာစီပေးသွားမည်ဖြစ်သည်။ မိုဒီသည် မေ ၂၂ ရက်နံနက်ပိုင်းတွင် အနောက်ဘန်ဂေါပြည်နယ်ရှိ ကာလကတ္တား မြို့သို့ရောက်ရှိပြီး မုန်တိုင်းဒဏ်အဆိုးဆုံးခံရသောဒေသများကို တာဝန်ရှိသူများနှင့် အတူကြည့်ရှုကြောင်းသိရသည်။

အမ်ဖန်မုန်တိုင်းသည် အနောက်ဘန်ဂေါ ပြည်နယ်နှင့် ဩရိဿမြို့သို့ မေ ၂၀ ရက် ညနေပိုင်းတွင် လေတိုက်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၁၉၀ နှုန်းဖြင့်  ဝင်ရောက် တိုက်ခတ်ခြင်းဖြစ်သည်။

Ref: Xinhua

 

Read 26 times Last modified on Saturday, 23 May 2020 09:47