SJ WorldNews - шаблон joomla Авто

အမျိုးသားလုံခြုံရေးဥပဒေက တရားစီရင်ရေး လွတ်လပ်ခွင့်ကို ထိခိုက်မှုမရှိနိုင်ဟု ဟောင်ကောင်အစိုးရပြော

Saturday, 23 May 2020 09:51 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရက ဟောင်ကောင်အထူးဒေသအပေါ် ချမှတ်မည့် အမျိုးသားလုံခြုံရေးဥပဒေသည် တရားစီရင်ရေး လွတ်လပ်ခွင့်အပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း ဟောင်ကောင်အစိုးရက မေ ၂၂ ရက်တွင် ပြော သည်။

ဟောင်ကောင်အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးဥပဒေနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကပြောသည်။

ထို့ပြင်  ဟောင်ကောင်အစိုးရဘက်က အမျိုးသားလုံခြုံရေး တာဝန်ယူနိုင်ရန် အဆိုပါဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော် စေလိုကြောင်း ကယ်ရီလမ်းကဆက်ပြောသည်။

အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းခြင်းသည် ဟောင်ကောင်အထူးဒေသ၏ လုံခြုံရေးအတွက် တရားဝင်မူဘောင်နှင့် ဥပဒေပြဋ္ဌာန်းမှု လုပ်ထုံးလုပ်နည်းများကို တိုးတက်စေနိုင်သည်ဟု ၎င်းကဆိုသည်။

အဆိုပါဥပဒေသည် ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်နှင့်အခွင့်အရေးကို ထိခိုက်စေမည် မဟုတ်သည့်အပြင် လွတ်လပ်သော တရားစီရင်ရေးအာဏာကိုလည်း ထိခိုက်စေမည်မဟုတ်ဟု ၎င်းကဆက်ပြောသည်။

အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းလိုသည့်  တရုတ်အစိုးရ၏ ရည်ရွယ်ချက်မှာ ဟောင်ကောင်အထူးဒေသ၌ ပျက်စီးနေသော အမျိုးသားလုံခြုံရေးကို  ကိုင်တွယ်ဖြေရှင်း လိုခြင်းဖြစ်ကြောင်းနှင့် ဟောင်ကောင်အရေးတွင် ပြည်ပနိုင်ငံများ ဝင်စွက်ဖက်မှု၊ အစိုးရအာဏာကို   ဝင်ရောက်နှောင့်ယှက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပြုပြောကြောင်း သိရသည်။

Ref: CNA

 

Read 34 times Last modified on Saturday, 23 May 2020 09:52