SJ WorldNews - шаблон joomla Авто

ဒေါ်နယ်ထရမ့်အစိုးရက နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံး နျူကလီးယားစမ်းသပ်မှုလုပ်ရန် ဆွေးနွေး

Sunday, 24 May 2020 11:28 font size decrease font size decrease font size increase font size increase font size

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံး နျူကလီးယား စမ်းသပ်မှုလုပ်ရန် ဆွေးနွေးကြောင်း  The Washington Post သတင်းဌာနက မေ ၂၂ ရက်တွင် ဖော်ပြသည်။

အဆိုပါစမ်းသပ်မှုသည် ရုရှားနှင့်တရုတ်နိုင်ငံတို့ကို သတိပေးရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းနှင့် အကယ်၍  အမေရိကန်က  ထိုစမ်းသပ်မှုကိုသာ လုပ်ဆောင်ပါက မကြုံစဖူးထူးကဲသည့် နျူကလီးယား လက်နက်ပြိုင်ဆိုင်မှုကို   စတင်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။

နျူကလီးယား စမ်းသပ်မှုလုပ်ရန်ဆွေးနွေးမှုကို မေ ၁၅ ရက်တွင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ   အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးနှင့်  အရာရှိဟောင်းနှစ်ဦးတို့က  သတင်းဌာနသို့ပြောခြင်းဖြစ်သည်။

ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့် ပေါက်ကွဲမှုအားနည်းသော နျူကလီးယားစမ်းသပ်မှုများကို လုပ်နေသည်ဟု အမေရိကန် တာဝန်ရှိသူများက အထောက်အထားမဲ့စွပ်စွဲပြီးနောက် ယခုကဲ့သို့ နျူကလီးယား စမ်းသပ်မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရုရှားနှင့်တရုတ်နိုင်ငံတို့ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

အမေရိကန်အစိုးရက ပွင့်လင်းဝေဟင်သဘောတူ စာချုပ်မှနုတ်ထွက်မည်ဟု  ဒေါ်နယ်ထရမ့်ကပြောပြီး နောက်တစ်ရက် အကြာတွင် The Washington Post သတင်းဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

Ref: CNA

 

Read 46 times Last modified on Sunday, 24 May 2020 11:28