SJ WorldNews - шаблон joomla Авто

အမ်ဖန်မုန်တိုင်းကြောင့် အိန္ဒိယ၌ ရူပီး ၁ ထရီလီယံနှင့် ဘင်္ဂလားဒေ့ရှ်၌ တာကာ ၁၁ ဘီလီယံဆုံးရှုံး

Sunday, 24 May 2020 11:30 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်၌ ယခုသီတင်းပတ်အတွင်း အင်အားပြင်း အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့်    အခြေခံအဆောက်အအုံနှင့်  ကောက်ပဲသီးနှံများအပါအဝင်  ဆုံးရှုံးမှုတန်ဖိုးမှာ   ရူပီး ၁ ထရီလီယံ ရှိကြောင်း   ပြည်နယ်တာဝန်ရှိသူများကပြောသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း အမ်ဖန်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးသည် တာကာ ၁၁ ဘီလီယံရှိပြီး ထိုထက်ပို၍ မြင့်တက်လာနိုင်ကြောင်း အစိုးရတာဝန်ရှိသူများကပြောသည်။ ဆယ်စုနှစ်တစ်ခုကျော် အတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည့် အမ်ဖန်ကြောင့် နေအိမ်များပြိုကျပျက်စီးမှုနှင့် ဓာတ်လိုက်မှုတို့ ဖြစ်ပွားရာမှ နှစ်နိုင်ငံစလုံး၌ အနည်းဆုံး လူ  ၁၀၂ ဦး သေဆုံးကြောင်း သိရသည်။

မုန်တိုင်းမဝင်မီ လူသုံးသန်းကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းလိုက်နိုင်သည့်အတွက် မုန်တိုင်းကြောင့်  လူပေါင်း များစွာသေဆုံးခြင်းကို ကာကွယ်လိုက်နိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၊ ကောက်ပဲသီးနှံများနှင့် လယ်ယာမြေများ ဆုံးရှုံးသူများအပါအဝင် လူ ၁၃ သန်းကျော်မှာ  သဘာဝဘေးဒဏ် ခံစားရပြီး နေအိမ်စုစုပေါင်း တစ်သန်းခွဲပျက်စီးကြောင်း အနောက်ဘန်ဂေါပြည်နယ်မှ အစိုးရတာဝန်ရှိသူနှစ်ဦးက  Reuters သတင်းဌာနသို့ ပြောသည်။

ပြည်နယ်၏မြို့တော်ဖြစ်သော ကာလကတ္တားမြို့၌ တာဝန်ရှိသူများက အပျက်အစီးများ၊ လမ်းမများအပေါ် လဲကျနေသည့် သစ်ပင်များကို   အသည်းအသန်ဖယ်ရှား ရှင်းလင်းနေရကြောင်း သိရသည်။

Ref: The Straits Times

 

Read 49 times Last modified on Sunday, 24 May 2020 11:32