SJ WorldNews - шаблон joomla Авто

အမေရိကန်၏နိုင်ငံရေးဗိုင်းရပ်က နှစ်နိုင်ငံဆက်ဆံရေးကို စစ်အေးတိုက်ပွဲဆီ တွန်းပို့နေဟု တရုတ်ပြော

Monday, 25 May 2020 09:47 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိသည့် နိုင်ငံရေး ဗိုင်းရပ်တစ်မျိုးသည် နှစ်နိုင်ငံဆက်ဆံရေးကို စစ်အေးတိုက်ပွဲဆီ တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မေ ၂၄ ရက်တွင်ပြောသည်။

အဆိုပါနိုင်ငံရေးဗိုင်းရပ်ကြောင့် အမေရိကန်နိုင်ငံရေးသမားများက တရုတ်နိုင်ငံကိုတိုက်ခိုက်ပြီး သိက္ခာချရန်  အဘက်ဘက်မှ ကြိုးပမ်းလာခြင်းဖြစ်ကြောင်း၊   အချို့နိုင်ငံရေးသမားများသည် အခြေခံအချက်များကိုပင် လျစ်လျူရှုပြီး တရုတ်နိုင်ငံကိုဆန့်ကျင်သည့် အလိမ်အညာများနှင့်  လျှို့ဝှက်ပူးပေါင်းကြံစည်မှုများစွာကို ဖန်တီးနေကြောင်း ဝမ်ယီက ဆက်ပြောသည်။

ထို့ပြင် အဆိုပါအခြေအနေသည် နှစ်နိုင်ငံအကြားရှိ နှစ်ပေါင်းများစွာကြာ ပူးပေါင်းဆောင်ရွက်မှုကို နောက်ကြောင်း ပြန်လှည့်စေပြီး နှစ်နိုင်ငံစလုံးအနေဖြင့်  ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် နည်းလမ်းတစ်ခုကို ရှာဖွေရမည်ဟု ဝမ်ယီကဆိုသည်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု၊ ဟောင်ကောင်အရေးကိစ္စနှင့် အခြားကိစ္စရပ်များတွင် အမေရိကန်၏ အပြစ်တင် ဝေဖန်မှုများကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးဆိုးဆိုးဝါးဝါးတင်းမာနေစဉ်  တရုတ်နိုင်ငံတော် ကောင်စီဝင်ဝမ်ယီက နှစ်စဉ်သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

အမေရိကန်သမ္မတအပါအဝင် ထိပ်တန်းတာဝန်ရှိ သူများက အဆိုပါဗိုင်းရပ်ကို တရုတ်ဗိုင်းရပ်ဟုခေါ်ပြီး  ယင်းဗိုင်းရပ်က တရုတ်ဓာတ်ခွဲခန်းမှ ထွက်လာခြင်းဖြစ် ကြောင်းစွပ်စွဲကာ ဗိုင်းရပ်ကူးစက်မှုအပေါ် တရုတ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှု ကိုလည်း တိုက်ခိုက်ပြောဆိုထားသည်။

သို့သော် တရုတ်နိုင်ငံအနေဖြင့်  အမေရိကန်၏ တည်ရှိမှုကိုပြောင်းလဲရန်  သို့မဟုတ် ဖယ်ရှားရန် ရည်ရွယ်ချက်မရှိဘဲ အမေရိကန်နှင့် တန်းတူဖြစ်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသောနှင့် တည်ငြိမ်သောဆက်ဆံ ရေးကိုသာဖန်တီးလိုပြီး အမေရိကန်အနေဖြင့် ခေတ်နှင့်အမီလိုက်နေသော တရုတ်နိုင်ငံ၏တည်ရှိမှုကို ပြောင်းလဲရန် သို့မဟုတ် ရပ်တန့်ရန်စွမ်း နိုင်မည်မဟုတ်ကြောင်း ဝမ်ယီကပြောသည်ဟုသိရသည်။

Ref: The Straits Times

 

Read 32 times Last modified on Monday, 25 May 2020 09:48