SJ WorldNews - шаблон joomla Авто

နေတန်ယာဟုက အစ္စရေးသမိုင်းတွင် အကျင့်ပျက်ခြစားမှုဖြင့် ပထမဆုံး တရားရင်ဆိုင်ရသည့်ဝန်ကြီးချုပ်ဖြစ်လာ

Monday, 25 May 2020 09:50 font size decrease font size decrease font size increase font size increase font size

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် မေ ၂၄ ရက်တွင် ဂျေရုဆလင်ခရိုင်တရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရ သည့်အတွက် အစ္စရေးနိုင်ငံသမိုင်းတွင် အကျင့်ပျက်ခြစားမှုဖြင့် ပထမဆုံးတရားရင်ဆိုင်ရသည့် ဝန်ကြီးချုပ် ဖြစ်လာသည်။

နေတန်ယာဟုရင်ဆိုင်နေရသော စွပ်စွဲချက်များမှာ မျက်နှာသာရလိုသည့် လူချမ်းသာများထံမှ တန်ဖိုးကြီးစီးကရက်များ၊ ရှမ်ပိန်များနှင့် ယူရို ၁၈၀ဝဝဝ တန်ဖိုးရှိ လက်ဝတ်ရတနာများကို လက်ခံမှုအပြင် အထင်ရှားဆုံး စွပ်စွဲချက်ဖြစ်သည့်   ၎င်း၏ နာမည်ဂုဏ်သတင်း ကျော်စောမှုအတွက်  နိုင်ငံ၏ ထိပ်တန်းသတင်းစာကို အသုံးချခြင်းတို့ဖြစ်သည်။

နေတန်ယာဟုသည်  ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သော ဘီဇက်ကုမ္ပဏီပိုင်ရှင်  ရှောင်အဲလိုဗစ်အတွက် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော လုပ်ပိုင်ခွင့်များချပေးပြီး အပြန်အလှန်အနေဖြင့် ရှောင်အဲလိုဗစ်ပိုင်ဆိုင်သော မီဒီယာလုပ်ငန်းကို ၎င်း၏နာမည်ဂုဏ်သတင်း ကျော်စောစေရန် အသုံးချခြင်းဖြစ်သည်။

ထိုအမှုသည် အနည်းငယ်ရှုပ်ထွေးကြောင်း၊ ငွေကြေးလွှဲပြောင်းလက်ခံသည့် သမားရိုးကျ လာဘ်ပေးလာဘ်ယူမှု မဟုတ်ဘဲ မီဒီယာ၏ အသားပေးဖော်ပြမှုကိုသာ ရယူသည့် လာဘ်ယူမှုဖြစ်ကြောင်း အစ္စရေး ဒီမိုကရေစီအဖွဲ့မှ သုတေသီတစ်ဦးက ပြောသည်။

Ref: Bangkok Post

 

Read 30 times Last modified on Monday, 25 May 2020 09:51