SJ WorldNews - шаблон joomla Авто

အမ်ဖန်မုန်တိုင်း၏ နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် အိန္ဒိယအစိုးရက တပ်မတော်ကိုအကူအညီတောင်း

Monday, 25 May 2020 09:52 font size decrease font size decrease font size increase font size increase font size

အမ်ဖန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်  နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် အိန္ဒိယအစိုးရက အိန္ဒိယတပ်မတော်ကို မေ ၂၄ ရက်တွင်  အကူအညီ တောင်းခံကြောင်းသိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ ကာလကတ္တားမြို့ရှိ လမ်းမများအပေါ်  သစ်ပင်များပြိုလဲကျမှုကြောင့်   ဒေသခံ ထောင်ပေါင်းများစွာက လျှပ်စစ်ဓာတ်အား နှင့် ရေမရရှိမှုများအတွက် ဆန္ဒပြမှုများလုပ်နေသည်။

ထို့ကြောင့်   ပြည်သူများကို  လျှပ်စစ်ဓာတ်အားနှင့် ရေများပြန်လည် ပေးဝေနိုင်ရေးအတွက် ပြိုလဲနေသည့်သစ်ပင်များကို ဖယ်ရှားရှင်းလင်းရန် တပ်မတော်၏အကူအညီကို တောင်းခံခြင်းဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်း အဆိုပါဒေသအတွက်  အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည့်  အမ်ဖန်မုန်တိုင်းသည် မေ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူ ၁၁၂ ဦးသေဆုံးသည်။

ဒေသခံ ၁၅ သန်းခန့်နေထိုင်သည့် ကာလကတ္တားမြို့ရှိလမ်းများမှာ မုန်တိုင်းကြောင့်နှင့် သစ်ပင်ကြီးများလဲကျမှုကြောင့် ရေလွှမ်းမိုးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပွားနေသည်။

ထို့ကြောင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်သည်အယောက် ၂၀ဝ က ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများ အယောက် ၄၀ဝ၀ ကျော်နှင့်အတူပူးပေါင်း၍  ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Ref: The Straits Times

 

Read 39 times Last modified on Monday, 25 May 2020 09:53