SJ WorldNews - шаблон joomla Авто

အာရှဒေသရှိ အံ့မခန်းအဖြစ်ရဆုံးအဆောက်အအုံများ

Monday, 25 May 2020 10:41 font size decrease font size decrease font size increase font size increase font size

လူသားများဟာ  နှစ်ထောင်ပေါင်းများစွာကတည်းက ဗိသုကာပညာမှာ အရူးအမူးဖြစ်ခဲ့ကြပါတယ်။ ပထမဆုံးသော အခြေချနေထိုင်မှု၊ လိုဏ်ဂူတွေထဲမှာ နေထိုင်မှုများမှသည် ရာသီဥတုဒဏ်ကိုခံနိုင်သော၊ အမြင်တင့်တယ်လှပသောနဲ့ လက်တွေ့ကျသော အဆောက်အအုံများကို တည်ဆောက်မှုအထိ လုပ်ဆောင်မှုများက လွယ်ကူလှသော အရာတော့ မဟုတ်ပေ။

ဒါပေမဲ့ ကျောက်တုံးတွေနဲ့သဲတွေကနေတစ်ဆင့် အံ့ဩဖွယ်ကောင်းတဲ့ အဆောက်အအုံများ ဘယ်လိုထွက်ပေါ်လာလဲ ဆိုတာကို လူသားတွေက သက်သေပြနိုင်ခဲ့ပါပြီ။ အဲဒီသက်သေတွေထဲမှ အာရှဒေသမှာရှိတဲ့ အံ့မခန်းအဖြစ်ရဆုံးသော အဆောက်အအုံများကို ဖော်ပြပေးလိုက်ရပါတယ်။

ကြာပန်းပုံဘုရားကျောင်း

ကြာပန်းပုံဘုရားကျောင်းဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတည်ရှိပြီး အလှပဆုံးသော ဘုရားကျောင်းများမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပွင့်ချပ်၊ ပွင့်ဖတ်ပုံစံ စကျင်ကျောက်ပြား ၂၇ ချပ်နဲ့ပုံဖော်ထားတဲ့ မီတာ ၇၀ အမြင့်ရှိ ဘုရားကျောင်းကို ၁၉၈၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး သူ့ရဲ့သူမတူတဲ့ပုံစံကြောင့် လူအများကိုဆွဲဆောင်နိုင်တဲ့ အဆောက်အအုံတစ်ခု ဖြစ်လာပါတယ်။

လူ ၂၅၀ဝ ဆံ့ ဒီဘုရားကျောင်းဟာ လူမျိုး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး သွားရောက်ဝတ်ပြုနိုင်တဲ့ ဘုရားကျောင်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ သူ့ရဲ့အလှအပကြောင့် မြောက်မြားလှစွာသော ဗိသုကာဆုတွေကိုလည်း ရရှိထားပြီး သတင်းစာ၊ မဂ္ဂဇင်း အမြောက်အမြားရဲ့ တခမ်းတနားဖော်ပြမှုကိုလည်းခံခဲ့ရပါတယ်။

ဟီမေဂျီရဲတိုက်

 

 

ဂျပန်နိုင်ငံ   ကျိုတိုမြို့အနီးမှာရှိတဲ့ ဟီမေဂျီရဲတိုက်ဟာ  ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ မြင့်မားသော ရဲတိုက်တစ်ခု ဖြစ်ပါတယ်။ အလွန်ရှုပ်ထွေးလှတဲ့ ဆောက်အအုံပုံစံဖြစ်တဲ့အပြင် သူ့ရဲ့ဒီဇိုင်းကြောင့်သာမက ခေတ်မီလှသော ကာကွယ်ရေး ယန္တရားတစ်ခုအဖြစ် နာမည်ကျော်ပါတယ်။ ဒီရဲတိုက်ကို အဆောက်အအုံပေါင်း ၈၃ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အသွားမတော်ပါက သေပွဲဝင်ရမယ့် နေရာတွေအများအပြားရှိပါတယ်။

၁၃၃၃ ခုနှစ်မှသည် ယနေ့အချိန်အထိ သဘာဝဘေးကြောင့်သော်လည်းကောင်း၊ လူသားတို့ရဲ့ကျူးကျော် ဝင်ရောက်မှုကြောင့်သော်လည်းကောင်း မည်သည့်အကြောင်းကြောင့်မျှ ပျက်စီးခြင်းမရှိသေးပါဘူး။

ပိုတာလာနန်းတော်

 

 

တိဗက်ဒေသမှာရှိတဲ့ ပိုတာလာနန်းတော်ကတော့  တိဗက်ဒေသအတွက်သာမက ကမ္ဘာပေါ်မှာပါ နာမည်အကျော်ကြား ဆုံးသောနန်းတော်ဖြစ်ပါတယ်။

ဒီနန်းတော်မှာ ဒလိုင်းလားမားဘုန်းတော်ကြီးတွေက ၁၆၄၉ ခုနှစ်မှသည် ၁၉၅၉ ခုနှစ်အထိ နှစ်ပေါင်း ၂၀ဝ ကျော် ကြာအောင် စိုးစံနေထိုင်ခဲ့တာဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာတော့ ပြတိုက်အဖြစ်ပြောင်းလဲသွားပြီး ၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ ဖြစ်လာပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၇၀ဝ မှာရှိတဲ့ ဒီနန်းတော်ဟာ ၁၃ ထပ်အမြင့်ရှိပြီး အခန်းပေါင်း ၁၀ဝ၀ ကျော်ပါဝင်ပါတယ်။

ဒီနန်းတော်တည်ရှိတဲ့ ပိုတာလာကာတောင်ကတော့ မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနာဂိုဏ်းမှ ဘုရားအလောင်းတော် ဗောဓိသတ္တနတ်သား နေထိုင်ရာ  ဘုံဗိမာန်ဖြစ်သည်ဟုလည်း ဒဏ္ဍာရီအရသိရပါတယ်။

ပက်ထရာ

 

 

ပက်ထရာမြို့ဟောင်းဆိုတာ ဂျော်ဒန်နိုင်ငံရဲ့  ရှေးဟောင်းမာအန်မြို့မှာတည်ရှိတဲ့ သမိုင်းဝင်မြို့ဟောင်းကြီး တစ်ခု ဖြစ်ပါတယ်။ အဲဒီမြို့ဟောင်းနေရာမှာရှိတဲ့ ပက်ထရာအဆောက်အအုံကတော့ တကယ့်ကိုနာမည်ကြီးပြီး ကမ္ဘာ့အံ့ဖွယ် နေရာတွေထဲမှာတောင်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပက်ထရာအဆောက်အအုံက နှင်းဆီနီအရောင်ကျောက်တောင်ကြီးကိုထုဆစ်ထားတဲ့ အဆောက်အအုံကြီး ဖြစ်ပြီး ဘီစီ ၅ ရာစုမှာ တည်ဆောက်ထားတာပါ။

ဒီအဆောက်အအုံကြီးဆီကိုဝင်ရောက်ရာလမ်းကလည်း အရှည် ၁ ဒသမ ၂ ကီလိုမီတာရှိပြီး ကျောက်တောင်တွေကြား ထဲကနေ သွားရတာဖြစ်တဲ့အတွက် အလွန်ကိုပဲ ခမ်းနားကြီးကျယ်လှပါတယ်။

 

Read 55 times Last modified on Tuesday, 26 May 2020 08:35