SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံ၌ မျောက်များတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးစမ်းသပ်မှု စတင်လုပ်ဆောင်

Tuesday, 26 May 2020 09:23 font size decrease font size decrease font size increase font size increase font size

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံအနေဖြင့် ပိုမိုဈေးသက်သာသော နိုဗယ် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းနေပြီး ယခုအခါ တာဝန်ရှိသူများက ထိုကာကွယ်ဆေး ကို မျောက်များတွင် စမ်းသပ်မှုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိပ်တန်း သုတေသနပညာရှင် တစ်ဦးက မေ၂၅ ရက်တွင်ပြောသည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိဖော်စပ်နေသည့်ကာကွယ် ဆေးပေါင်း ၁၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းဆုံး ရှစ်ခုကို လူသားများတွင် လက်တွေ့စမ်းသပ်ရသေး ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကထုတ်ပြန်သည်။ မေ ၂၃ ရက်တွင် မျောက်၂၃ ကောင်ပါဝင် သော ကနဦးအုပ်စုကို ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှု လုပ်ဆောင်ပြီး ထိုင်းနိုင်ငံထုတ် ကာကွယ်ဆေးသည် ဥရောပ သို့မဟုတ် အမေရိကန်ထုတ်ဆေးဝါးထက် ပိုမိုဈေးသက်သာမည်ဟု မျှော်လင့်ကြောင်း ထိုင်းအမျိုး သားပရိုင်းမိတ်သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆူချင်ဒါမာလိုင်ဗစ်ဂျစ်နော့ ကပြောသည်။

အဆိုပါကာကွယ်ဆေးကို ြကွက်များတွင် စမ်းသပ်မှုအောင်မြင်ပြီးမှ မျောက်များတွင်စမ်းသပ်ခြင်းဖြစ် ကြောင်း သုတေသနပညာရှင်များကပြောသည်။

ထိုင်းသုတေသနပညာရှင်များအနေဖြင့် mRNA အပေါ် အခြေခံသောနည်းပညာအသစ်ကိုအသုံးပြု၍ အမေ ရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။ အမေရိကန်ရှိ ဖိုင်းဇာနှင့် မိုဒါနာဆေးဝါးကုမ္ပဏီတို့ သည်လည်း ထိုနည်းပညာကိုအသုံးပြု၍ ကာကွယ် ဆေးထုတ်လုပ်လျက်ရှိရာ ပြီးခဲ့သည့်သီတင်းပတ်တွင် ကနဦးအောင်မြင်သောရလဒ်များရရှိကြောင်း မိုဒါနာ ကုမ္ပဏီကထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် ဇန်နဝါရီလ လယ်ပိုင်းတွင် ဗိုင်းရပ်ကူးစက်မှုရှိသောနိုင်ငံဖြစ်သော် လည်း ကူးစက်ခံရသူ ၃၀၀၀ ကျော်နှင့် သေဆုံးသူ ၅၇ ဦးသာရှိ‌‌ေကြာင်း သရိ သည

Ref: The Straits Times

Read 47 times Last modified on Tuesday, 26 May 2020 09:32