SJ WorldNews - шаблон joomla Авто

ဂျပန်တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရုပ်သိမ်း

Tuesday, 26 May 2020 09:40 font size decrease font size decrease font size increase font size increase font size

တိုကျို၊ ပြည်တွင်းရေး

ဂျပန်နိုင်ငံ တိုကျိုမြို့၊ ကာနာဂါဝါ၊ ချီဘာ၊ ဆာအိတမာစီရင်စုတို့နှင့် ဟော့ကိုင်းဒိုးကျွန်း တို့အပါအဝင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ထား သည့်အရေးပေါ်အခြေအနေကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၂၅ ရက်တွင် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိဒေသအများစု၌ အရေး ပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို ယခု လအစောပိုင်းတွင် ရုပ်သိမ်းခြင်း ဖြစ်သည်။

ထို့နောက် ကျန်ရှိနေသေးသော တိုကျိုမြို့ နှင့် အခြားဒေသလေးခု၌ ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို ရုပ်သိမ်း ရန် အစိုးရအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ က ထောက်ခံခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၁၆၆၀၀ ခန့်နှင့် သေဆုံးသူ ၈၅၀ ခန့်ရှိပြီး အရေးပေါ် အခြေအနေများ ကို ရုပ်သိမ်းလိုက်ခြင်းကြောင့် ယခုအခါ နိုင်ငံအတွင်း အသွားအလာကန့်သတ် တားမြစ်မှုမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။

ဂျပနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်တင်းကျပ် ထားခြင်း မရှိ သော်လည်း အမေရိကန်နှင့် ဥရောပဒေသကဲ့သို့ ဗိုင်းရပ်ကူးစက်မှုဒဏ် ကို ဆိုးဆိုးရွားရွားမခံစားရကြောင်း သိရသည်။

 

Read 46 times Last modified on Tuesday, 26 May 2020 09:46