SJ WorldNews - шаблон joomla Авто

မလေးရှား၌ ကန့်သတ်ချက်များဖြေလျှော့ပြီး သီတင်းပတ်သုံးပတ်အတွင်း ဗိုင်းရပ်ကူးစက်မှုမြင့်တက်

Tuesday, 26 May 2020 09:47 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌ အသွားအလာတားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် သီတင်းပတ် သုံးပတ်အကြာတွင် နေ့စဉ် ဗိုင်းရပ်ကူးစက်မှုမှာ အမြင့်ဆုံးအထိရောက် ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန် ထားသည်။

မေ ၂၅ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၁၇၂ ဦးရှိကြောင်းနှင့် ၎င်းင်းတို့အနက် ၁၁၂ ဦးမှာ နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက် ခံရသူ စုစုပေါင်း ၇၄၁၇ ဦးအထိနှင့် သေဆုံးသူ ၁၁၅ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။ နိုင်ငံအတွင်း အသွားအလာကန့်သတ် ချက်များချမှတ်လိုက်သည့်အတွက် စီးပွား ရေးဆုံးရှုံးမှုတန်ဖိုးမှာ ရင်းဂစ် ၂ ဒသမ ၄ ဘီလီယံခန့်ဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် မေ ၄ ရက် တွင် နယ်မြေအားလုံးနီးပါးကို ကန့်သတ် ချက်များဖြေလျှော့ပေးရန် ခွင့်ပြုလိုက်ရသည်။

အစိုးရက ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး သီတင်းပတ်နှစ်ပတ်အကြာတွင် ဗိုင်းရပ်ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာ နိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

Read 46 times Last modified on Tuesday, 26 May 2020 10:29