SJ WorldNews - шаблон joomla Авто

သြစတြေးလျတောမီးမှမီးခိုးများကြောင့် လူရာပေါင်းများစွာသေဆုံး

Wednesday, 27 May 2020 10:04 font size decrease font size decrease font size increase font size increase font size

 

 

 

ဆစ်ဒနီ၊ သဘာဝဘေး

 

သြစတြေးလျနိုင်ငံ၌ မကြာသေးမီကဖြစ်ပွားသည့် တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးများ ရှူရှိုက်ရမှုနှင့်ဆက်စပ်သည့်ရောဂါများဖြစ်ပွားမှုကြောင့် လူ ၄၀၀၀ ကျော် ဆေးရုံတက်လိုက်ရပြီး ၄၄၅ ဦးသေဆုံးကြောင်း အစိုးရ၏စုံစမ်းစစ်ဆေးရေးအဖွဲ့က မေ ၂၆ ရက်တွင် ကြားသိရသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် တောမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး နေအိမ်ထောင်ပေါင်းများစွာ နှင့် လူနေရပ်ကွက်များပျက်စီးသွားသည်။

တောမီးလောင်မှုမှထွက်လာသည့် မီးခိုးများကိုရှူရှိုက်မိခြင်းကြောင့် သက်ရောက်မှုများကိုလေ့လာနေစဉ် ထိုဖြစ်စဉ်နှင့် ပတ်သက်၍သေဆုံးသူဦးရေမှာ ပိုမိုမြင့်တက်နိုင်ကြောင်း သြစတြေးလျ သဘာဝပတ်ဝန်းကျင် ကျန်းမာရေးကျွမ်းကျင်သူများ က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြောသည်။

တောမီးလောင်မှုကြောင့် လူ ၄၄၅ ဦး သေဆုံးပြီး ၃၃၄၀ ကျော်မှာဆေးရုံတက်ရသည့် အပြင် ၁၃၇၅ ဦးမှာ အခြေအနေဆိုးရွားမှု ကြောင့် အရေးပေါ်ကုသမှုများခံယူရကြောင်း  တက်စမာနီးယားတက္ကသိုလ်မှ   ဆေးဝါး သုတေသနဌာန တွဲဖက်ပါမောက္ခ ဖေးဂျွန် စတန်ကပြောသည်။

ထို့ပြင်    ပြီးခဲ့သည့်တောမီးလောင်မှု အတွင်း လူသေဆုံးမှုများနှင့်ဆေးရုံတက်ရောက် ကုသရမှုများ ကြောင့်  ကျန်းမာရေး ကုန်ကျစရိတ်မှာ သြစတြေးလျဒေါ်လာ ၂ ဘီလီယံရှိကြောင်း ၎င်းကဆက်ပြော သည်။

အဆိုပါကုန်ကျစရိတ်တွင် လူနာတင် ယာဉ်များထွက်ခွာရမှု၊  ကုန်ထုတ်လုပ်ငန်း ဆုံးရှုံးမှုနှင့် အခြား ရောဂါများကြောင့် ဆုံးရှုံးမှုများမပါဝင်သေးကြောင်းနှင့် ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ်များတွင် ကုန်ကျမှုများ ထက် ၁၀ ကျော်ပိုမိုများပြားကြောင်း သိရသည်။

 

Read 44 times Last modified on Wednesday, 27 May 2020 10:14