SJ WorldNews - шаблон joomla Авто

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဆေးထုတ်လုပ်ရေး ကမ္ဘာ့ရန်ပုံငွေတိုးမြင့်ရရှိ

Wednesday, 27 May 2020 10:19 font size decrease font size decrease font size increase font size increase font size

 

 

 

ဘရပ်ဆဲ၊ ရန်ပုံငွေ

 

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရေးနှင့်ကုသနိုင်ရေး တို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရန်ပုံငွေများ ကောက်ခံမှုမှာ ယခုအခါ ပိုမိုတိုးမြင့် ရရှိလာပြီဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ကုသဆေးများထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ထည့်ဝင်သည့်ရန်ပုံငွေမှာ ယူရို ၉ ဒသမ ၅ ဘီလီယံအထိရောက်ရှိလာပြီဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌက မေ ၂၆ ရက်တွင်ပြောသည်။

 

ယခုကဲ့သို့ ရန်ပုံငွေတိုးမြင့်ရရှိမှုသည် ဥရောပကော်မရှင်ဦးဆောင်သော တစ်ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု ကတိပြုချက်တွင် ပထမမှတ်တိုင်သို့  ရောက်ရှိခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ အူးဆူလာဗွန်ဒီလိုင်း ယန် က  ၎င်း၏တွစ်တာစာမျက်နှာ၌ရေးထားသည်။

 

အဆိုပါရန်ပုံငွေကောက်ခံမှုအစီအစဉ်ကို မေ ၄ ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်စတင်ချိန်တွင် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်များနှင့် အခြားအဖွဲ့အစည်းများထံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံရရှိထားသည်။ အမေရိကန်နိုင်ငံကမူ ထိုရန်ပုံငွေ ကောက်ခံမှုအစီအစဉ်တွင်ပါဝင်ခြင်းမရှိဘဲ  ရှောင်ဖယ်နေကြောင်းသိရသည်။

 

Ref: The Straits Times

 

 

 

Read 42 times Last modified on Wednesday, 27 May 2020 12:48