SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ နေရပ်ပြန်လာသူများကြောင့် ဗိုင်းရပ်ကူးစက်မှုနှုန်းပိုမိုမြင့်တက်

Wednesday, 27 May 2020 13:24 font size decrease font size decrease font size increase font size increase font size

 

မွမ်ဘိုင်း၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ နေရပ်ပြန်လာသူများကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ပိုမိုမြင့်တက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော ကျေးရွာများတွင် ဗိုင်းရပ် ကူးစက်မှုနှုန်းမြင့်တက်မည်ကို စိုးရိမ်ပူပန် နေရကြောင်း တာဝန်ရှိသူများက မေ ၂၆ ရက်တွင်ပြောသည်။

 

စီးပွားရေးမြို့တော်များတွင် အလုပ်လုပ် ကိုင်လျက်ရှိသော အလုပ်သမား ၄ ဒသမ ၅ သန်းသည် အသွားအလာတားမြစ်ကန့် သတ်သည်ဟု ကြေညာပြီးနှစ်လအတွင်း နေရပ်သို့ပြန်လာကြကြောင်း ပြည်ထဲရေး နှင့်မီးရထားဝန်ကြီးဌာနများမှ တာဝန်ရှိသူ များက ပြောသည်။

 

အိန္ဒိယနိုင်ငံ၌ မေ ၂၆ ရက်အထိ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၁၄၆၄၉၈ ဦးနှင့် သေဆုံးသူ ၄၁၈၈ ဦးရှိကြောင်း သိရသည်။

 

ဘီဟာပြည်နယ်အရှေ့ပိုင်း၌ မေ ၂၅ ရက် တစ်ရက်တည်းမှာပင် ဗိုင်းရပ်ကူးစက် ခံရသူ ၁၆၀ ကျော်ရှိပြီး ဗိုင်းရပ် ကူးစက်မှု အများဆုံးနေ့အဖြစ်      စံချိန်တင်သည်။ အဆိုပါပြည်နယ်၌  ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၂၇၀၀ ကျော်ရှိသည်။ လွန်ခဲ့သော ၃၆ နာရီအတွင်း သြရိဿပြည်နယ်၌ ဗိုင်းရပ် ကူးစက်ခံရသူ ၇၅ ဦးနှင့် ရာဂျက်စသန် ပြည်နယ်၌ သီးသန့်ခွဲထားသည့်နေရာသုံးခု ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၃၅ ဦး ရှိ သည်။

 

နယူးဒေလီမြို့မှ အလုပ်လုပ်ပြီးပြန်လာ သော အလုပ်သမားဒါဇင်ပေါင်းများစွာတွင် ဗိုင်းရပ်ကူးစက် ခံရကြောင်း  တွေ့ရသည်။

 

ဗိုင်းရပ်ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှ  ၎င်းတို့ကျေးရွာသို့     ဝင်ရောက်ခြင်းမရှိကြောင်း   ဘီဟာ ပြည်နယ်၏ မြို့တော် ပတ်နာမြို့မှ ကျန်းမာရေးထိပ်တန်းတာဝန် ရှိသူတစ်ဦးဖြစ်သည့်    ဂေါ်ရပ်ဆင်း က ပြောသည်။

 

Read 44 times Last modified on Wednesday, 27 May 2020 13:27