SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကာကွယ်ဆေးမရမချင်း စာသင်ကျောင်းများပြန်မဖွင့်ဟု ဒူတာတေပြော

Wednesday, 27 May 2020 13:32 font size decrease font size decrease font size increase font size increase font size

 

 

 

နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးမရမချင်း နိုင်ငံအတွင်းရှိစာသင်ကျောင်း များကိုပြန်ဖွင့်မည် မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေကပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံ၌    ဗိုင်းရပ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် မူလတန်းနှင့်အလယ်တန်းကျောင်းသား ၂၅ သန်းကျော် အတွက် စာသင်ကျောင်းများကို မတ်လကတည်းကပိတ်ထားခြင်းဖြစ်ပြီး သြဂုတ်လကုန်တွင် စာသင်ကျောင်းများကိုပြန်ဖွင့်ရန်ပြင်ဆင် နေစဉ် ဒူတာတေက  ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

 

ကျောင်းများပြန်ဖွင့်ပါက ကလေးများ၏  ပညာရေးကောင်းမွန်နိုင်သော်လည်း အလွန်အန္တရာယ်များ ကြောင်း၊ ကလေးများအတွက်စိတ်ချရမှုမရှိမချင်း ကျောင်းများပြန်ဖွင့်ရန်ပြောဆိုနေမှုက အချည်းနှီးသာ ဖြစ်မည်ဖြစ်ကြောင်း ဒူတာတေက မေ ၂၅ ရက်ညတွင်ပြောသည်။

 

ထို့ပြင် ဗိုင်းရပ်ကာကွယ်ဆေးရရေးသည်သာ ပထမဦးစားပေးဖြစ်ပြီး ကာကွယ်ဆေးရပါက ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

တစ်ကမ္ဘာလုံးမှ  သုတေသနပညာရှင်များက ဗိုင်းရပ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အပြင်း အထန်ကြိုးပမ်းနေသော်လည်း ထိရောက်မှုရှိပြီး အများအပြားထုတ်လုပ်နိုင်မည့်ကာကွယ်ဆေးကို မည်သည့်အချိန်တွင်ရရှိနိုင်မည်ကိုမူ မသိရသေးပေ။

 

စာသင်ကျောင်းများတွင် လူဦးရေများပြားမှုကိုလျှော့ချနိုင်ရန် အွန်လိုင်းမှသင်ကြားခြင်းအပါအဝင် အဝေးရောက်သင်ကြားမှုများကို    ပေါင်းစပ်အသုံးပြုသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာ ထားသည်။

 

သို့သော်    ပြည်သူသန်းပေါင်းများစွာဆင်းရဲတွင်းနက်နေသည့် ဖိလစ်ပိုင်နိုင်ငံ၌ အွန်လိုင်းမှသင်ကြားမှု အတွက်    အဓိကလိုအပ်သော ကွန်ပျူတာများမှာ အိမ်တိုင်းတွင်မရှိကြောင်းသိရသည်။

 

 

 

Read 46 times Last modified on Wednesday, 27 May 2020 13:34