SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်ခံရသူများကို ဟိုက်ဒရော့ဆီကလိုရိုကွင်းဖြင့် စမ်းသပ်ကုသမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ယာယီဆိုင်းငံ့

Wednesday, 27 May 2020 13:39 font size decrease font size decrease font size increase font size increase font size

 

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်  နိုဗယ် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူများကို ဟိုက်ဒရော့ဆီကလိုရိုကွင်း ဆေးဖြင့် စမ်းသပ်ကုသနေမှုများယာယီဆိုင်းငံ့လိုက်ကြောင်း သိရသည်။

 

အဆိုပါဆေးဖြင့်ကုသမှုနှင့် ပတ်သက်၍ စိတ်ချရမှုအခြေအနေများကို    ပြန်လည်လေ့လာဆန်းစစ် နေစဉ် ယင်းဆေးဖြင့်စမ်း သပ်ကုသနေမှုများကိုယာယီဆိုင်းငံ့ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က မေ ၂၅ ရက်တွင်ပြောသည်။

 

ဟိုက်ဒရော့ဆီကလိုရိုကွင်းဆေးသည် ကိုဗစ်-၁၉    ရောဂါကုသရေးအတွက် အလားအလာရှိသော ကုသမှုအဖြစ် သတ်မှတ်ခံရပြီး တစ်ကမ္ဘာလုံးစမ်းသပ်ကုသမှုများလုပ်နေခြင်းဖြစ်သည်။

 

သို့သော် အဆိုပါဆေးဖြင့်စမ်းသပ်ကုသမှုများသည် လူသေဆုံးမှုနှုန်းကိုမြင့်တက်စေ နိုင်သည်ဟူသော  လေ့လာတွေ့ရှိချက်များ ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ယင်းဆေးဖြင့်  စမ်းသပ်ကုသမှုများကို ယာယီ ဆိုင်းငံ့ခိုင်းခြင်းဖြစ်သည်။

 

ဟိုက်ဒရော့ဆီကလိုရိုကွင်းဆေးကို ကိုဗစ်-၁၉ ရောဂါကုသရေးအတွက်အသုံးပြု ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပြောဆိုထားခြင်းဖြစ်သည်။

 

လက်ရှိတွင်   အမေရိကန်နိုင်ငံသည်  ဗိုင်းရပ်ကူးစက်သူနှင့်သေဆုံးသူအများဆုံး နိုင်ငံဖြစ်သည့်အတွက် ဒေါ်နယ်ထရမ့်၏ ဗိုင်းရပ်ထိန်းချုပ်ရေးဆောင်ရွက်ချက်မှာ ဝေဖန်ခံနေရသည်။

 

ဘရာဇီးသမ္မတဂျဲဘိုဆိုနာရိုသည်လည်း ဒေါ်နယ်ထရမ့်၏    ထောက်ခံပြောဆိုမှု အတိုင်း အဆိုပါဆေးကို နိုင်ငံအတွင်းအသုံးပြု နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယခု ထုတ်ပြန်ချက်ကိုလည်း ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံမှ ကျန်းမာရေးဝန်ကြီး က လက်မခံဘဲ ပယ်ချထားကြောင်းသိရသည်။       

 

Read 46 times Last modified on Wednesday, 27 May 2020 13:42